Ubisoft က နောက်ထွက်မယ့် အဖွဲ့လိုက်တိုက်ခိုက်ရေး ဂိမ်းအတွက် သတင်းစကားတချို့ကို မျှဝေလိုက်ပါတယ်။ အဲဒါကတော့ NFT တွေကို အဲဒီ ဂိမ်းမှာ ထည့်သွင်းထားမှာ မဟုတ်ဘူး ဆိုတာ ပါပဲ။ Leaker တွေက လျှို့ဝှက်နာမည် Project Q လို့ ပေးထားတဲ့ အဲဒီ ဂိမ်းရဲ့ Footage တွေကို မျှဝေပြီးနောက်မှာ Unisoft က တွစ်တာမှာ အခု သတင်းစကားတွေကို မျှဝေလိုက်တာပါ။

Ubisoft က “ အဲဒီ ဂိမ်းမှာ PvP Mode များစွာ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ NFT တွေ ထည့်သွင်းဖို့ အစီအစဉ် မရှိသေးဘဲ စမ်းသပ် ကစားဖို့အတွက် စာရင်းပေးသွင်းထားနိုင်ပါတယ်။ “ လို့ တွစ်တာမှာ ရေးသားထားပါတယ်။

Ubisoft On the Next Generation of Consoles – Get the Details

Xbox Series X / S, Xbox One, PS5, PS4 နဲ့ PC မှာ စမ်းသပ်ကစားဖို့အတွက် Ubisoft ရဲ့ ဝက်ဘ်ဆိုက်မှာ စာရင်းပေးသွင်းထားနိုင်ပါတယ်။ စမ်းသပ် ကစားနိုင်မယ့် အချိန်နဲ့ နောက်ဆုံးထုတ် ဗားရှင်းကို အခမဲ့ ကစားနိုင်မလား ဆိုတာ မသိရသေးပါဘူး။

ဗီဒီယို ဂိမ်း Leaker Tom Henderson တင်ထားတဲ့ Project Q Footage အရ လက်ရှိမှာ Showdown (Battle Royale) နဲ့ Battle Zone (Territory Control) စတဲ့ Mode ၂ ခု ပါလာမှာ ဖြစ်ပါတယ်။ အဲဒီ ဂိမ်းကို ဖန်တီးနေဆဲ အဆင့်မှာပဲ ရှိသေးတဲ့အတွက် ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။

Ref : theverge