Ulefone က နောက်တစ်ပတ်မှာ အကြမ်းခံ Armor Pad 3 Pro ကို ကြေညာတော့မှာ ဖြစ်ပြီး အဲဒီ တက်ဘလက်ရဲ့ သတင်းအချက်အလက်တချို့ကို သိလာရပါတယ်။

Here's the Ulefone Armor Pad 3 Pro rugged tablet with a 50MP camera and 33,280 mAh battery

Ulefone Armor Pad 3 Pro ရဲ့ အမိုက်စား အစိတ်အပိုင်းက 33,280mAh Battery ဖြစ်ပြီး 66W နဲ့ USB-C Port ထောက်ပံ့ထားပါတယ်။ Standby သုံးရင် ၁,၈၁၂ နာရီ အသုံးခံပြီး ၁၈၁ နာရီ ဖုန်း ပြောနိုင်ပါတယ်။ တခြား ဖုန်း ၊ တက်ဘလက်တွေကို အားသွင်းပေးနိုင်တဲ့ Reverse Wired Charging ပါပါတယ်။

Here's the Ulefone Armor Pad 3 Pro rugged tablet with a 50MP camera and 33,280 mAh battery

တက်ဘလက်မှာ 10.36” 1200p 60Hz Display တပ်ထားပြီး 500 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ Gorilla Glass 5 နဲ့ ကာကွယ်ထားပြီး LCD အမျိုးအစား ဖြစ်နိုင်ပါတယ်။

Android 13 မောင်းနှင်ထားပြီး MediaTek MT8788 SoC မောင်းနှင်ထားပါတယ်။ 8GB LPDDR4X RAM နဲ့ 256GB UFS 2.2 Storage ထည့်သွင်းထားပြီး 2TB microSD Card စိုက်နိုင်ပါတယ်။ အရှေ့ဘက်မှာ 32MP ကင်မရာနဲ့ အနောက်ဘက်မှာ 50MP ကင်မရာ တပ်ထားပါတယ်။

နားကြပ်ပေါက်၊ ဘေးဘက်လက်ဗွေရာ ကိရိယာ၊ LTE နဲ့ NFC ထောက်ပံ့ထားပြီး IP68/IP69K နဲ့ MIL-STD-810H စံနှုန်း ပါပါတယ်။ မေလ ၁၃ ရက်နေ့မှာ ဒေါ်လာ ၃၀၀ နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena