Motorola Moto G8 Power ရဲ့ သတင်းအချက်အလက်တွေ မကြာခဏ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုလည်း Amazon က အဲဒီ ဖုန်းကို ခဏတာ စာရင်းတင်လိုက်ပြီး သိပ်မကြာခင်မှာပဲ ပြန်ဖျက်လိုက်ပါတယ်။ ဒါပေမယ့် နည်းပညာ ဝက်ဘ်ဆိုက်တွေက လက်သွက်ပါတယ်။ အောက်ပါ ဓါတ်ပုံတွေကို ဖမ်းယူထားနိုင်ပြီး Specs တွေကို သိလိုက်ရပါပြီ။

Moto G8 Power ကို G8 , G Stylus တို့နဲ့အတူ  Mobile World Congress (MWC) နည်းပညာ ပြပွဲမှာ ကြေညာနိုင်ပြီး အဲဒီ စမတ်ဖုန်း ၃ လုံးစလုံးရဲ့ ဓါတ်ပုံတွေ မကြာခင်က ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ Amazon က Moto G8 Power အတွက် Smoke Black နဲ့ Capri Blue ၂ ရောင် ထုတ်လုပ်ပေးထားမယ်လို့ ဖော်ပြထားပါတယ်။

၆.၄ လက်မ FHD+ မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး 4GB RAM ပါလာမှာပါ။ စတီရီယို စပီကာ ၂ လုံး ထည့်သွင်းထားပြီး Octa-core Processor မောင်းနှင်ထားမှာပါ။ အနောက်ဘက်မှာ ကင်မရာ ၄ လုံး ထည့်သွင်းထားမှာ ဖြစ်ပေမယ့် အသေးစိတ် သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ အရင်ထွက်ခဲ့တဲ့ သတင်းအရ 16MP ပင်မ၊ 2MP Macro ၊ 8MP Ultrawide နဲ့ 8MP Telephoto ကင်မရာတွေ ဖြစ်ပါတယ်။  ရေစက်ရေပေါက်ခံနိုင်တဲ့ ဒီဇိုင်း ဖြစ်ပေမယ့် ရေထဲ နှစ်လို့တော့ မရပါဘူး။

Ref : gsmarena