တရုတ် လူမှုကွန်ရက် ဝီဘိုက ပေါက်ကြားလာတဲ့ သတင်းအရ Xiaomi ဟာ Redmi Note 12 Series ဖုန်း အသစ် ၁ လုံးကို ကြေညာဖို့ ရှိနေတယ်လို့ သိရပြီး အဲဒီ ဖုန်း အမည်က Redmi Note 12 Turbo ဖြစ်ပါတယ်။ အဲဒီ ဖုန်းကို တရုတ်မှာ အရင်ဆုံး ကြေညာနိုင်ပြီး နိုင်ငံတကာမှာ POCO Brand အောက်ကနေ နောက်ပိုင်းမှာ ရောင်းချနိုင်ပါတယ်။

လက်ရှိမှာ Redmi Note 12 Turbo ရဲ့ သတင်းအချက်အလက်တွေကို အနည်းငယ်ပဲ သိရသေးပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါလာမှာ ဖြစ်ပါတယ်။ အရင်က ထွက်ခဲ့တဲ့ Redmi Note 12 Series ဖုန်းတွေမှာ မျက်နှာပြင်အောင် လက်ဗွေရာ ကိရိယာ မပါလာပါဘူး။

Another Expected Device In Redmi Note 12 Series: Redmi Note 12 Turbo - xiaomiui

Redmi Note 12 Turbo မှာ ၆.၆၇ လက်မ AMOLED 120Hz FHD+ မျက်နှာပြင်နဲ့ Snapdragon 7 Gen 2 Chipset ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ 50MP Main , 8MP Ultrawide နဲ့ 2MP Macro ကင်မရာ ၃ လုံးကို အနောက်ဘက်မှာ တပ်ဆင်ထားမှာပါ။ 5,500mAh ဘက်ထရီ ပါလာမှာ ဖြစ်ပြီး တခြား Redmi Note 12 ဖုန်းတွေရဲ့ 5,000mAh ဘက်ထရီထက် ပိုမိုကြီးမားလာမှာပါ။ 67W Fast Charging ထောက်ပံ့ထားနိုင်ပါတယ်။

လက်ရှိမှာ Redmi Note 12 Turbo ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲ သိရပါသေးပြီး မကြာခင်မှာ သတင်းအချက်အလက်တွေ ပိုမို ထွက်ပေါ်လာနိုင်ပါတယ်။

Ref : gsmarena