ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက Chipset ထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုဖြစ်တဲ့ UNISOC ကနေ ကမ္ဘာ့ပထမဆုံးသော 6nm EUV Processor တစ်ခုဖြစ်တဲ့ Tiger T7520 Chipset ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Chipset ဟာ 5G Network ကိုပါ ထောက်ပံ့ပေးနိုင်မှာဖြစ်သလို ယခင် Hisense F50 5G ဖုန်းမှာ အသုံးပြုခဲ့တဲ့ Tiger T7510 Chipset ကို အစားထိုးသွားမှာလည်းဖြစ်ပါတယ်။

အခုအချိန်မှာတော့ UNISOC ကနေ အဆိုပါ 6nm Architecture နဲ့ Tiger T7520 Chipset ကို မကြာခင်မှာ အမြောက်အများထုတ်လုပ်သွားတော့မှာဖြစ်တယ်ဆိုပြီး ကြေညာလိုက်ပါတယ်။ ဒါပေမယ့်လည်း ဘယ်စမတ်ဖုန်းထုတ်လုပ်တွေက အဆိုပါ Chipset ကို အသုံးပြုလာမလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။

နောက်ပြီးတော့ မကြာခင်မှာ အမြောက်အများထုတ်လုပ်သွားမယ်ဆိုပေမယ့်လည်း UNISOC ရဲ့ 6nm Tiger T7520 Chipset အသုံးပြုထားတဲ့ စမတ်ဖုန်းတွေကို လာမယ့် ၂၀၂၁ မှပဲတွေ့ရဖို့များတယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေပါတယ်။ လက်ရှိအချိန်မှာ Apple နဲ့ Huawei တို့ကတော့ ယခုနှစ်အတွက်မှာ ပိုကောင်းတဲ့ 5nm Chipset တွေကို အသုံးပြုလာမှာဖြစ်သလို Samsung အနေနဲ့လည်း ကိုယ်ပိုင် 5nm Chipset ကို ထုတ်လုပ်နေတဲ့အတွက် ဘယ်စမတ်ဖုန်းကုမ္ပဏီက ယခု UNISOC Tiger T7520 Chipset ကို အသုံးပြုလာမလဲဆိုတာက စိတ်ဝင်စားစရာပါ။

UNISOC Tiger T7520 Chipset ဟာဆိုရင် Octa-Core Chipset အမျိုးအစားဖြစ်ပြီး Cortex-A76 Core ၄ လုံးနဲ့ Cortex-A55 Core ၄ လုံးပါဝင်မှာဖြစ်ပါတယ်။ GPU ပိုင်းကိုလည်း Mali-G57 GPU ကို အသုံးပြုထားပြီးတော့ Dual SIM Dual 5G ကိုပါ Support ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ 120Hz Display နဲ့ 4K Video Recording ၊ HDR10+ လိုမျိုး Feature တွေကိုလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Ref – Gizmo China