လေယာဉ်မှူးတွေက လေကြောင်းထိန်းသိမ်းရေးစခန်းနဲ့  ဆက်သွယ်ပြောဆိုရာမှာ Starlink WiFi ဟာ အနှောင့်အယှက်ဖြစ်စေခဲ့တယ်လို့ ပြောပါတယ်။ ဒီဖြစ်ရပ်ကြောင့် United Airlines ဟာ သူတို့ရဲ့ Embraer E175 ဒေသတွင်းပြေးဆွဲတဲ့ လေယာဉ်တွေပေါ်က Starlink နည်းပညာသုံး Wi-Fi ကို ယာယီပိတ်လိုက်ပါတယ်။ ဒီပြဿနာဟာ အသစ်တပ်ဆင်ထားတဲ့ Starlink အင်တင်နာတွေကြောင့် ဖြစ်တာလို့ အတည်ပြုထားပါတယ်။

Starlink wants to disrupt in-flight WiFi - The Hustle

လေကြောင်းလိုင်းဘက်ကတော့ ဒီလိုဆက်သွယ်ရေး ပြတ်တောက်တာဟာ ခရီးသည် ဘေးကင်းလုံခြုံရေးအတွက် အန္တရာယ်မဟုတ်ဘူးလို့ အခိုင်အမာ ပြောဆိုထားပါတယ်။ ဒါ့အပြင် ဒီပြဿနာကိုဖြေရှင်းဖို့ SpaceX ကုမ္ပဏီနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်နေပြီး လေယာဉ်ပေါ်မှာ အင်တာနက်ချိတ်ဆက်မှုစနစ်အသစ်တွေ စတင်တပ်ဆင်ချိန်မှာ ဒီလိုအစပိုင်းမှာကြုံရတတ်တဲ့ ပြဿနာလေးတွေက “ဖြစ်လေ့ဖြစ်ထရှိတယ်” လို့လည်း ဆိုပါတယ်။

United Airlines - Wikipedia

ဒီအဖြစ်အပျက်ကြောင့် ဒေသတွင်း ပြေးဆွဲတဲ့လေယာဉ်ငယ်တွေမှာ ဂြိုလ်တုအခြေပြုအင်တာနက်စနစ်ကို ပေါင်းစပ်ထည့်သွင်းဖို့အတွက် နည်းပညာပိုင်းဆိုင်ရာ စိုးရိမ်မှုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

Ref : Fossbytes