အမည်မဖော်လိုသူ ၁ ယောက်က အဖုံးမဖွင့်ရသေးတဲ့ Super Mario Bros. ဂိမ်း အခွေကို စံချိန်တင် ဒေါ်လာ ၂ သန်းနဲ့ ဝယ်ယူလိုက်တယ်လို့ ပစ္စည်း စုဆောင်းတဲ့ Rally Website က ပြောပါတယ်။ ၁၉၈၅ ခုနှစ်ထုတ် ဂိမ်းဖြစ်တဲ့ Super Mario 64 ဟာ ပြီးခဲ့တဲ့ ၁ လတောင် မကြာသေးတဲ့ အချိန်မှာလည်း စံချိန်တင် ဒေါ်လာ ၁.၅၆ သန်းနဲ့ လေလံတင် ရောင်းချနိုင်ခဲ့ပါတယ်။

Unopened copy of Super Mario Bros. sells for a record $2 million - Morning  Tidings

ကလေးဘဝက ပစ္စည်းတွေကို စုဆောင်းတဲ့ အမူအကျင့် မြင့်မားလာတဲ့အတွက် ဗီဒီယို ဂိမ်းတွေကို စံချိန်တင် ဈေးနှုန်း ကြီးကြီး ပေးပြီး ဝယ်ယူလာကြတာဟာ ပြီးခဲ့တဲ့ နှစ်အတွင်းမှာ အကြိမ်များစွာ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ် ဇူလိုင်လမှာ Super Mario Bros ကို ဒေါ်လာ ၁၁၄,၀၀၀ နဲ့ လေလံတင် ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာလမှာတော့ Super Mario Bros. 3 ဟာ ဒေါ်လာ ၁၅၆,၀၀၀ နဲ့ စံချိန်အသစ်ကို ရခဲ့ပါတယ်။ အဲဒီနောက် ဒီနှစ် ဧပြီလမှာ ဒေါ်လာ ၆၆၀,၀၀၀ နဲ့ ဝယ်ယူသူ ပေါ်လာပါတယ်။ ဇူလိုင်လမှာတော့ Super Mario Bros. ရဲ့ စံချိန်ကို The Legend of Zelda က ဒေါ်လာ ၈၇၀,၀၀၀ နဲ့ ကျော်တက်သွားပါတယ်။

လေလံပွဲမှာ စံချိန်တင် ရောင်းချခဲ့ရတဲ့ ပစ္စည်းအများစုဟာ Vintage ဂိမ်းတွေ ဖြစ်ပြီး ဒေါ်လာ ၂ သန်းနဲ့ ရောင်းချနိုင်ခဲ့တဲ့ Super Mario Bros. ကတော့ ငွေပမာဏ တော်တော်များတယ်လို့ ပြောရမှာပါ။

Rally ရဲ့ အကြောင်းပြောရရင် ဂိမ်းနဲ့ ကာတွန်း စာအုပ်တွေကို Rally က ဝယ်ယူပြီး လူတွေက ရှယ်ယာတွေ ဝယ်ယူနိုင်တဲ့ ကုမ္ပဏီငယ်လေးတွေအဖြစ် အသွင်ပြောင်းလိုက်ပါတယ်။ တစ်နည်းအားဖြင့် လူတွေ ငွေကြေးရင်းနှီးမြှပ်နှံနိုင်တဲ့ ကုမ္ပဏီတွေ ဖြစ်ပါတယ်။ အဲဒီ ငွေကြေးရင်းနှီးမြှပ်နှံသူတွေက ပစ္စည်းရောင်းချမယ့် လူတွေကို Vote လုပ်ကာ ရွေးချယ်နိုင်ပါတယ်။ Rally ဟာ ပြီးခဲ့တဲ့ ဧပြီလက Super Mario Bros. ဂိမ်းကို ဒေါ်လာ ၁၄၀,၀၀၀ နဲ့ ဝယ်ယူခဲ့ပြီး ရှယ်ယာ ဝယ်ယူထားသူတွေက အမည်မဖော်လိုတဲ့ စုဆောင်းသူ ၁ ယောက်ကို ရောင်းချခဲ့တယ်လို့ သိရပါတယ်။

Ref : theverge