စမတ်ဖုန်း၊ တက်ဘလက်တွေကို အားသွင်းဖို့ Power Bank တွေကို ယူဆောင်သွားကြရပါတယ်။ ဒါပေမယ့် Power Bank တွေကို သယ်ဆောင်ရတာလည်း ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။ အခုတော့ Urbn က 20,000mAh Battery နဲ့ 22.5W Charging ပါတဲ့ ကမ္ဘာ့ အသေးဆုံး Power Bank ကို ကြေညာလိုက်ပါတယ်။

Urbn Nano 20.00 mAh power bank

Urbn ဟာ Power Bank ၊ အားသွင်းကြိုးနဲ့ နားကြပ်တွေကို ထုတ်လုပ်တဲ့ နာမည်ကြီး ကုမ္ပဏီ ၁ ခု ဖြစ်ပါတယ်။ အခု မိတ်ဆက်လိုက်တဲ့ Power Bank ကို 20,000mAh နဲ့ 10,000mAh ၂ မျိုး ထုတ်လုပ်ထားပြီး ၂,၄၉၉ ရူပီးနဲ့ ၁,၆၉၉ ရူပီး အသီးသီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁ သိန်းကျော် နဲ့ ၇ သောင်း ဝန်းကျင် ကျသင့်ပါတယ်။

အဲဒီ မော်ဒယ် ၂ ခုစလုံးဟာ ဖုန်း ၁ လုံးကို မိနစ် ၃၀ အတွင်း ၀ ကနေ ၅၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ ဒါပေမယ့် အဲဒီ အချိန်ဟာ ဖုန်းရဲ့ Battery ပမာဏအပေါ်လည်း မူတည်ပါသေးတယ်။

URBN 22.5W Power Bank with 65W Type C to C Charging Cable for iPhones, Smartphones and Other Supported Devices : Amazon.in: Clothing & Accessories

20,000mAh မော်ဒယ်မှာ Port ၃ ခု ပါတဲ့အတွက် Device များစွာကို တစ်ပြိုင်နက် အားသွင်းပေးနိုင်ပါတယ်။ USB-A Port ၁ ခုနဲ့ USB-C Port ၂ ခု ပါပါတယ်။ လုံခြုံရေးအတွက် BIS Certification နဲ့ 12-layer Protection System ထည့်သွင်းထားပါတယ်။ အရွယ်အစားက 10.8 * 2.8 * 6.9cm ပဲ ရှိတဲ့အတွက် အိတ်ကပ်ထဲတောင် ထည့်သွားနိုင်ပါတယ်။ 10,000mAh မော်ဒယ်မှာတော့ 20W Charging ပါတဲ့အတွက် အားသွင်းနှုန်း မြန်ဆန်ပါတယ်။

Ref: gizmochina