အမေရိကန်လေတပ်ရဲ့ Rocket Cargo စီမံကိန်းက ကမ္ဘာပေါ်ကဘယ်နေရာကိုမဆို ကုန်ပစ္စည်းနဲ့ လူတန်ချိန် ၁၀၀ အထိကို မိနစ် ၆၀ ကနေ ၉၀ အတွင်း ပို့ဆောင်နိုင်မယ့် ဒုံးပျံကို တီထွင်နေပါတယ်။ အဲဒီ ဒုံးပျံဟာ တစ်ခါသုံး မဟုတ်ဘဲ ပြန်လည် အသုံးပြုနိုင်ပါတယ်။ အဲဒီစနစ်က စစ်ဘက်နဲ့ လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းတွေကို တော်လှန်ပြောင်းလဲနိုင်တဲ့ အလားအလာရှိပါတယ်။

The Air Force wants rocket deliveries to anywhere on Earth in under an hour

ဒီစီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ AFRL (လေတပ် သုတေသနဓာတ်ခွဲခန်း) က Rocket Lab USA နဲ့ ပူးပေါင်းပြီး ၂၀၂၆ နောက်ပိုင်းမှာ စမ်းသပ်တဲ့မစ်ရှင်တစ်ခု လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အဲဒီမစ်ရှင်မှာ Neutron ဒုံးပျံကို အသုံးပြုပြီး အထူးသဖြင့် အနာဂတ်မှာ လူတွေကို သယ်ဆောင်နိုင်ဖို့အတွက် ကမ္ဘာ့လေထုထဲကို ပြန်ဝင်လာတဲ့အခါ ကြုံတွေ့ရမယ့် အခြေအနေတွေ၊ ယာဉ်ရဲ့ ကြံ့ခိုင်မှုနဲ့ သယ်ဆောင်လာတဲ့ ကုန်ပစ္စည်းတွေရဲ့ ဘေးကင်းလုံခြုံမှုဆိုင်ရာ အရေးကြီးတဲ့ အချက်အလက်တွေကို စုဆောင်းသွားမှာ ဖြစ်ပါတယ်။

U.S. Air Force Rocket Could Deliver Cargo Anywhere on Earth in 90 Minutes - Wall Street Pit

စီမံကိန်းရဲ့ ရည်မှန်းချက်ကတော့ သမားရိုးကျ လေကြောင်းကုန်စည်ပို့ဆောင်ရေးစားရိတ်နဲ့ ယှဉ်နိုင်တဲ့ သယ်ယူပို့ဆောင်ရေး စနစ်ကို တီထွင်ဖို့ ဖြစ်ပါတယ်။ ကာကွယ်ရေးနဲ့ သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေး စစ်ဆင်ရေးတွေအတွက် အရင်ကမရှိခဲ့ဖူးတဲ့ မြန်နှုန်းနဲ့   ထောက်ပံ့ပို့ဆောင်ရေးကွန်ရက်တစ်ခု တည်ထောင်ဖို့ ဖြစ်ပါတယ်။

Ref: Fossbytes