အမေရိကန်မှာ ကြိုးမဲ့ နားကြပ် အတု ဈေးကွက် တော်တော် ကြီးမားနေပြီး ဒါကို သက်သေပြတဲ့ သတင်းတစ်ပုဒ် တက်လာပါတယ်။ အမေရိကန် အကောက်ခွန်ဌာနက ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်အတွင်း ဒေါ်လာ ၆၂ သန်း တန်ကြေးရှိတဲ့ AirPods အတု ၃၆၀,၀၀၀ ဖမ်းဆီးရမိခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် တစ်နှစ်လုံးမှာ ဖမ်းဆီးရမိတဲ့ ကြိုးမဲ့ နားကြပ်အတု  ၂၉၅,၀၀၀ ထက်တောင် များနေပါတယ်။

Counterfeit earbuds

Apple AirPods ဟာ ကြိုးမဲ့ နားကြပ်ဈေးကွက်မှာ လူကြိုက်အရမ်းများတဲ့အတွက် အတုလုပ်တဲ့ လူတွေအတွက် ပစ်မှတ်ဖြစ်လာပါတယ်။ အမေရိကန်မှာ ဖမ်းမိတဲ့ ကုန်ပစ္စည်း အတု ၈၀ ရာခိုင်နှုန်းဟာ တရုတ်က လာတာလို့ သိရပါတယ်။ တရုတ် ကုမ္ပဏီ OnePlus ဟာလည်း ကုန်ပစ္စည်း အတုကိစ္စကြောင့် အရှက်ရစရာ ဖြစ်ခဲ့ဖူးပါတယ်။ OnePlus ရဲ့ နားကြပ် အစစ်တွေကို အမေရိကန် အကောက်ခွန်က AirPods အတုတွေလို့ ထင်ပြီး ဖမ်းဆီးခဲ့ဖူးပါတယ်။ ဒါပေမယ့် OnePlus က သူ့ ထုတ်ကုန်တွေနဲ့ AirPods မှာ ထင်ရှားတဲ့ ကွဲပြားခြားနားချက်တွေ ရှိတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

Counterfeit earbuds

ကြိုးမဲ့ နားကြပ်ဈေးကွက်ဟာ တစ်ကမ္ဘာလုံးမှာ အရှိန်အဟုန် ပြင်းစွာ တိုးတက်လာတဲ့အတွက် အတု ထုတ်လုပ်သူတွေဟာ Apple နဲ့ Samsung တို့လို နာမည်ကြီး ကုမ္ပဏီတွေရဲ့ နားကြပ်တွေကို အတုလုပ်လာမှု များလာပါတယ်။ အဲဒီအတွက် Apple ဟာ လုံခြုံရေး အေဂျင်စီတွေ၊ အွန်လိုင်း စီးပွားရေး ဝက်ဘ်ဆိုက်တွေနဲ့ ပူးပေါင်းကာ အတုထုတ်လုပ်လို့ မရအောင်နဲ့ Customers တွေကို ကာကွယ်နိုင်အောင်ကြိုးပမ်းနေပါတယ်။ တခြား နာမည်ကြီး ကုမ္ပဏီတွေကလည်း အလားတူ လုပ်ဆောင်ချက်တွေ ပြုလုပ်နေပါတယ်။

အမေရိကန်မှာ ဒီနှစ်ဝက်မှာတောင် နားကြပ်အတု ၃၆၀,၀၀၀ တောင် ဖမ်းမိရင် ဒီနှစ်ကုန်မှာ ၆၀၀,၀၀၀ လောက် ဖြစ်သွားနိုင်ပါတယ်။ အဲဒီအတွက် ကြိုးမဲ့ နားကြပ်တွေကို သေချာစစ်ဆေးပြီးမှ ဝယ်ယူသင့်လာပါပြီ။

Ref : gizmochina