အမေရိကန် ပြည်ထောင်စု ဆန်ဒီယေဂို အခြေစိုက် လျှပ်စစ်ကား ထုတ်လုပ်တဲ့ Aptera Motors ကုမ္ပဏီဟာ (SEV) “Pl 2” နေရောင်ခြည် စွမ်းအင်သုံးကားကို ပထမဆုံး အကြိမ် အောင်မြင်စွာ စမ်းသပ်မောင်းနှင်လိုက်ပါတယ်။
ကုမ္ပဏီက နောက်တစ်ကြိမ် စမ်းသပ်မှုမှာ Aptera ရဲ့ Solar နည်းပညာ၊ အပူချိန် စီမံခန့်ခွဲတဲ့ စနစ်တွေ ထည့်သွင်းထားမယ်လို့ ပြောပါတယ်။ နေရောင်ခြည်စွမ်းအင်ကို အသုံးပြုထားတဲ့အတွက် အဲဒီကားကို အားသွင်းစရာ မလိုပါဘူး။
Aptera ရဲ့ ပူးတွဲ တည်ထောင်သူနဲ့ CEO ဖြစ်သူ Steve Fambro က “ အခုလို နေရောင်ခြည်စွမ်းအင်သုံးကားကို အောင်မြင်စွာ စမ်းသပ်မောင်းနှင်နိုင်တာဟာ Aptera ရဲ့ သမိုင်းမှတ်တိုင် ဖြစ်ပါတယ်။ အဲဒီကားဟာ ရေရှည်တည်တန့်တဲ့ နေရောင်ခြည် စွမ်းအင်ကို အသုံးပြုနိုင်တယ်ဆိုတာ သက်သေပြသနိုင်ခဲ့ပါတယ်။ “ လို့ ပြောပါတယ်။
ကားရဲ့ မောင်းနှင်နိုင်တဲ့ အကွာအဝေး၊ နေရောင်ခြည် ကနေ အားသွင်းနိုင်တဲ့ စွမ်းရည်တို့လို အဓိကကျတဲ့ စွမ်းရည်၊ ကား အစိတ်အပိုင်းတွေ၊ Aptera ရဲ့ ကား ဒီဇိုင်းတို့ကို စမ်းသပ်နိုင်ခဲ့ပါတယ်။
ကား ကိုယ်ထည်မှာ တပ်ဆင်ထားတဲ့ Solar Panel တွေဟာ ၁ ရက်မှာ မိုင် ၄၀ မောင်းနှင်နိုင်ပြီး ၁ နှစ်မှာ မိုင် ၁၁,၀၀၀ မောင်းနှင်နိုင်ပါတယ်။ Battery Size များစွာ ထုတ်လုပ်ထားပါတယ်။
တစ်ခုက အားအပြည့်သွင်းထားရင် မိုင် ၁,၀၀၀ (၁,၆၀၀ ကီလိုမီတာ) မောင်းနှင်နိုင်ပါတယ်။ ၁ ရက်မှာ မိုင် ၄၀ ထက် ပိုမောင်းချင်ရင် သို့မဟုတ် နေရောင်ခြည် မရရှိရင် Battery ကို အားသွင်းကာ မောင်းနှင်နိုင်ပါတယ်။