Dota 2 နဲ့ Steam ပလက်ဖောင်းရဲ့ ပိုင်ရှင် Valve ဟာ ကစားသမားတွေအားလုံးနီးပါး စိတ်တိုင်းကျစေမယ့် Ranked စနစ်တစ်ခုကို ဆက်လက်ရှာဖွေနေဆဲပါပဲ။ ဒီနေ့မှာတော့ လက်ရှိကျင့်သုံးနေတဲ့ Core / Support MMR ဆိုပြီး ခွဲထားရာကနေ တစ်ခုတည်းသော MMR စနစ်ကို ပြောင်းလိုက်ပြန်ပါတယ်။

အခုထွက်လာတဲ့ Update မှာ Valve ဟာ ကစားသမားတစ်ယောက်စီအတွက် MMR တစ်မျိုးတည်းကိုသာ ပြသသွားတော့မှာဖြစ်ပေမယ့် ကိုယ်ကစားမယ့် Role ကိုလိုက်ပြီး စွမ်းဆောင်ရည်အလိုက် Matchmaking ပွဲရှာပေးမယ့် စနစ်ကို ကျင့်သုံးလာမှာဖြစ်ပါတယ်။

ဥပမာ – သင်ဟာ လက်ရှိ Legend 5 ရောက်နေတဲ့ MMR 3700 ဝန်းကျင်နဲ့ Hard Support ကစားသမား တစ်ယောက်ဆိုရင် Hard Support Role နဲ့ပဲ ပွဲရှာတဲ့အခါ 3700 MMR ဝန်းကျင်က ကစားသမားတွေနဲ့ပဲ တွေ့မှာပါ။ ဒါပေမယ့် ကိုယ်က နောက်ဆုံးကစားခဲ့တဲ့ပွဲတွေမှာ လက်ရှိ MMR နဲ့မလိုက်အောင် လက်စွမ်းပြထားတယ် ဆိုရင်လည်း ကိုယ့်လိုပဲ Skill ကြမ်းတဲ့ သူတွေနဲ့ ချိန်ညှိပေးသွားမှာ ဖြစ်ပါတယ်။

အခြားတစ်ဖက်မှာတော့ ကိုယ်ဟာ အားအနည်းဆုံး Role (ဥပမာ – Mid) တစ်ခုကို ကစားချင်တယ်ဆိုရင် လက်ရှိ MMR ထက် နိမ့်တဲ့ ပြိုင်ဘက်တွေနဲ့ တွေ့မှာဖြစ်ပြီး ကိုယ့်ရဲ့ Medal အဆင့်ကိုလည်း လိုက်ဖက်အောင် ပြောင်းလဲပြသသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ကိုယ့်ရဲ့လက်ရှိစွမ်းဆောင်ရည်ပေါ်လိုက်ပြီး ကိုယ်ရှာတဲ့ Role အပေါ်မှာ အဆင့်သတ်မှတ်ကာ Matchmaking လုပ်ပေးသွားမှာဖြစ်ပါတယ်။ အကောင့်မှာမြင်ရတဲ့ MMR ကတော့ အသေထားပြီး မြင်ရမှာဖြစ်ကာ အရင်တိုင်းပဲ MMR တက်အောင် ကြိုးစားနိုင်ပါတယ်။

ပွဲဆော့ရင် ရွေးထားတဲ့ Role ကိုလိုက်ပြီး ပိုကောင်းတဲ့ Matchmaking စနစ်အဖြစ် ပြောင်းလဲပေးလိုက်တဲ့ စနစ်မှာ ဆော့တဲ့ပွဲတိုင်းကတော့ ကိုယ့် MMR ကို အကျိုးသက်ရောက်မှုရှိနေဦးမှာပါ။ ကိုယ်အားနည်းတဲ့ Role ကို သွားဆော့လို့ MMR မတက်ဘူး ဆိုတာမျိုး မဖြစ်အောင် လုပ်ပေးတာဖြစ်မယ် ထင်ပါတယ်။

Ref – VPGame