Nokia ရဲ့ ယခင်က Sub-brand ဖြစ်တဲ့ VERTU က METAVERTU စမတ်ဖုန်းကို ကြေညာလိုက်ပါတယ်။ ကုမ္ပဏီရဲ့ ပထမဆုံး Web3 စမတ်ဖုန်း ဖြစ်ပြီး 18GB RAM နဲ့ 1TB Storage အထိ ထည့်သွင်းထားပါတယ်။
METAVERTU မှာ 144Hz AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး Snapdragon 8 Gen 1 SoC မောင်းနှင်ထားပါတယ်။ 18GB RAM က ဖုန်းရဲ့ စွမ်းဆောင်ရည်ကို အကောင်းဆုံး အနေအထားမှာ ရှိစေပြီး 1TB Storage ထည့်သွင်းထားပါတယ်။ Web3 ဖုန်းလို သုံးတဲ့အခါမှာ 10TB IPFS Storage အထိ ရအောင် ဖန်တီးပေးထားပါတယ်။
IMX787 35mm Humanistic Main ကင်မရာနဲ့ Optical Telephoto Lens တပ်ဆင်ထားပြီး 4,600mAh ဘက်ထရီကို မိနစ် ၂၀ အတွင်း Fast Charging နဲ့ အားအပြည့်သွင်းပေးနိုင်ပါတယ်။ လုံခြုံရေး လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပြီး SE+TEE နည်းပညာ ပါတဲ့ A5 Security Chip တပ်ဆင်ထားပါတယ်။
User တွေ လုံခြုံစွာ အသုံးပြုနိုင်ဖို့ ဆော့ဖ်ဝဲနဲ့ ဟာ့ဒ်ဝဲ လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပါတယ်။ ခလုတ် ၁ ချက်နှိပ်လိုက်တာနဲ့ Web 2.0 ကနေ Web 3.0 Operating System ကို ပြောင်းလဲပေးနိုင်ပါတယ်။ Web 3.0 Mode မှာ ဒစ်ဂျစ်တယ် Collection တွေ ဖန်တီးဖို့နဲ့ တခြား အလုပ်တွေ လုပ်ဖို့ Copyright ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။
METAVERTU ကို နိုဝင်ဘာလ ၃ ရက်နေ့ ရောင်းချမှာ ဖြစ်ပါတယ်။ တန်ဖိုးနည်း ကာဘွန်ဖိုက်ဘာ မော်ဒယ်ကို ၃,၅၅၈ ဒေါ်လာ၊ တန်ဖိုးကြီး မိကျောင်းသားရေ မော်ဒယ်ကို ၄၁,၃၇၁ ဒေါ်လာ သတ်မှတ်ထားပါတယ်။
Ref : gizmochina