Samsung Galaxy M12 ကို နောက်နှစ် အစောပိုင်း ကြေညာမယ်လို့ ထင်ရပြီး 7,000mAh ဘက်ထရီ ပါမယ်လို့ သတင်းထွက်နေတဲ့အတွက် Galaxy M51 လို ဘက်ထရီ အကြီးဆုံး ဖုန်း ၁ လုံးအဖြစ် စံချိန်တင်သွားနိုင်ပါတယ်။ Galaxy M12 ဟာ တန်ဖိုးနည်း စွမ်းရည်နိမ့် ဖုန်း ၁ လုံး ဖြစ်လာမှာပါ။

OnLeaks က အဲဒီဖုန်းရဲ့ Renders တွေကို မကြာခင်က မျှဝေခဲ့ပြီး ဒီဇိုင်းဟာ Galaxy A42 5G နဲ့ အရမ်း တူပါတယ်။ အခုလည်း OnLeaks ကပဲ M12 ရဲ့ ရှုထောင့်မျိုးစုံကို ပြသထားတဲ့ ဗီဒီယို အတို ၁ ခုကို မျှဝေလိုက်ပြီး အနောက်ဘက်က Texture ၂ ခုဟာ အလင်းကျရင် အရောင်ပြန်နေတာက လှပပါတယ်။

Samsung Galaxy M12 CAD-based renders show an A42-like design

Galaxy M12 ရဲ့ အရွယ်အစား အပြည့်အစုံဟာ 163.9 x 75.9 x 8.9 mm ဖြစ်ပြီး M51 ရဲ့ 163.9 x 76.3 x 9.5 mm ထက် ပိုပါးလွှာပါတယ်။ ပလတ်စတစ် ဖရိမ် သုံးထားတဲ့အတွက် ပေါ့ပါးစေပါတယ်။ မျက်နှာပြင် အရွယ်အစားက ၆.၅ လက်မ ရှိမယ်လို့ သတင်းထွက်နေပြီး M51 မှာတော့ ၆.၇ လက်မ မျက်နှာပြင် ထည့်သွင်းထားတာပါ။

Samsung Galaxy M12 CAD-based renders show an A42-like design

Galaxy M12 အတွက်  SM-M127F နဲ့ SM-F127G မော်ဒယ် ၂ မျိုး တွေ့လာရပြီ ဖြစ်ပါတယ်။ ပထမ ၁ လုံးဟာ Global Version ဖြစ်နိုင်ပြီး M12 နာမည်နဲ့ ကြေညာနိုင်ပါတယ်။ နောက် ၁ လုံးဟာ အိန္ဒိယ Version ဖြစ်နိုင်ပြီး Galaxy F Series အသစ်အောက်ကနေ ထွက်လာနိုင်ပါတယ်။

Ref : gsmarena