ဗီယက်နမ်နိုင်ငံသည် ဒရုန်းအစင်းရေ ၁၀,၅၁၈ စင်းကို တစ်ပြိုင်နက်တည်း ပျံသန်းပြသစေသည့် ဒရုန်း မီးအလှပြပွဲဖြင့် ဂင်းနစ်ကမ္ဘာ့စံချိန်သစ်တစ်ရပ် တင်ရှိနိုင်ခဲ့ကြောင်း သိရသည်။

World Record Light Show By Drones in Vietnam - Guinness World Records

အဆိုပါ စံချိန်တင်လေ့ကျင့်ပျံသန်းမှုကို တောင်ပိုင်းလွတ်မြောက်ရေးနှင့် အမျိုးသားပြန်လည်ပေါင်းစည်းရေး နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ဧပြီလ ၂၈ ရက်၊ ၂၀၂၅ ခုနှစ်တွင် ဟိုချီမင်းမြို့၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

10,518 Drones Put on Guinness World Record-Setting Display in Vietnam's Ho  Chi Minh City - The Flighter

ဤပွဲကို ဟိုချီမင်းမြို့တော် ယဉ်ကျေးမှုဦးစီးဌာနက တရုတ်နိုင်ငံ၏ ဒရုန်းကုမ္ပဏီ DAMODA ၏ ပံ့ပိုးမှုဖြင့် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ဧပြီလ ၃၀ ရက်နေ့တွင် ပြည်သူလူထုအတွက် ပြုလုပ်ရန် စီစဉ်ထားသည့် ပင်မပြပွဲမှာ နည်းပညာပိုင်းဆိုင်ရာ ပြဿနာများကြောင့် ဖျက်သိမ်းခဲ့ရသော်လည်း၊ လေ့ကျင့်ပျံသန်းမှုတစ်ခုတည်းဖြင့်ပင် ကမ္ဘာ့စံချိန်တင်နိုင်ရန် လုံလောက်ခဲ့ကြောင်း သိရသည်။

အဆိုပါဒရုန်းများသည် ဗီယက်နမ်နိုင်ငံ၏ အမျိုးသားရေးဆိုင်ရာ အမှတ်တံဆိပ်များ၊ သမိုင်းဝင်ဖြစ်စဉ်များနှင့် မြို့တော်ရှုခင်းများကို ရင်သပ်ရှုမောဖွယ် ရုပ်ပုံများအဖြစ် ကောင်းကင်ယံတွင် ထွန်းလင်းပြသခဲ့ကြသည်။

Ref : Tech Explorers