Virgin Galactic က ဒီလ ၁၀ ရက်နေ့မှာ အာကာသသို့ ခရီးသည်တွေကို အောင်မြင်စွာ ပို့ဆောင်ပေးခဲ့ပြီး ခရီးသည် ၃ ယောက်နဲ့ အာကာသယာဉ်မှူး ၃ ယောက် လိုက်ပါသွားပါတယ်။

နယူးမက္ကဆီကိုမှ Spaceport America ကနေ နံနက် ၈ နာရီခွဲမှာ စတင် ထွက်ခွာခဲ့တာ ဖြစ်ပြီး VSS Unity အာကာသယာဉ်ကို VMS Eve လေယာဉ်က ကောင်းကင်သို့ သယ်ဆောင်သွားတာပါ။

VMS Eve ဟာ အမြင့်ပေ ၄၄,၃၀၀ အရောက် နံနက် ၉ နာရီ ၁၇ မိနစ်မှာ VSS Unity ကို လွှတ်ချလိုက်ပါတယ်။ အဲဒီနောက်မှာ VSS Unity ဟာ ဒုံးပျံ အင်ဂျင်ကို စက်နှိုးကာ အာကာသ အစွန်အဖျားကို ပျံတက်သွားပါတယ်။ ကမ္ဘာမြေပြင်အထက် ၅၅ မိုင် ( ၈၈.၅ ကီလိုမီတာ)အထိ Mach 3 အမြန်နှုန်းနဲ့ ပျံတက်သွားတာ ဖြစ်ပါတယ်။

အာကာသကို ရောက်တဲ့အခါမှာ အာကာသယာဉ်ပေါ်ပါ ခရီးသည်တွေဟာ ကမ္ဘာမြေ ဆွဲအားမဲ့အရသာကို ခံစားရပြီး လေထဲ ပျံဝဲနိုင်ခဲ့ကြပါတယ်။ မိနစ် အနည်းငယ်ကြာ လေထဲ ပျံဝဲပြီးနောက်မှာ ခရီးသည်တွေဟာ သူတို့ ထိုင်ခုံတွေမှာ ပြန်ထိုင်ကြရပါတယ်။ အဲဒီနောက်မှာ အာကာသယာဉ်ဟာ ကမ္ဘာမြေပြင်ကို ပြန်လည် ဆင်းသက်ခဲ့ပြီး Spaceport America မှာ ရပ်နားခဲ့ပါတယ်။

ဒါဟာ Virgin Galactic ရဲ့ ၃ ကြိမ်မြောက် အာကာသကို ခရီးသည်တွေ ပို့ဆောင်ပေးတာ ဖြစ်ပြီး နောက်တစ်ကြိမ်ကို စက်တင်ဘာလမှာ ပြုလုပ်မှာဖြစ်ပါတယ်။

Ref : teslarati