အာကာသ ခရီးသွားလုပ်ငန်း ကုမ္ပဏီ Virgin Galactic က ပထမဆုံး စီးပွားဖြစ် အာကာသ ခရီးစဉ်ကို အောင်မြင်စွာ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ VMS Eve လေယာဉ်ပျံဟာ VSS Unity အာကာသယာဉ်ကို ကောင်းကင်ထက်ကို ဆွဲခေါ်သွားပါတယ်။ အဲဒီနောက်မှာ အာကာသယာဉ်ကို လွှတ်ချလိုက်ပြီး အာကာသယာဉ်ဟာ အာကာသ အစွန်အဖျားဖြစ်တဲ့ ကမ္ဘာမြေပြင်ထက် အမြင့် ၅၂ မိုင်ကို ရောက်ရှိသွားပါတယ်။

Virgin Galactic

အဲဒီ အမြင့်မှာ ခရီးသည်တွေဟာ ကမ္ဘာမြေဆွဲအား ကင်းလွတ်တဲ့ အရသာကို ခံစားရပြီး ကမ္ဘာကြီးကိုလည်း အာကာသကနေ ကြည့်ရှုနိုင်ကြပါတယ်။ အဲဒီနောက်မှာ အာကာသယာဉ်ဟာ နယူးမက္ကဆီကိုက Spaceport America ထံ ဘေးကင်းစွာနဲ့ ဆင်းသက်နိုင်ခဲ့ပါတယ်။ အဲဒီ ခရီးစဉ်ကို Galactic 01 လို့ အမည်ပေးထားပြီး Virgin Galactic အတွက် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်လာပါတယ်။

Virgin Galactic Launches Its First Commercial Spaceflight - ilouge Media

အဲဒီ ခရီးစဉ်မှာ ကမ္ဘာမြေဆွဲအား ကင်းလွတ်တဲ့  နေရာမှာ သုတေသနပြုလုပ်ဖို့ အီတလီ အစိုးရရဲ့ တာဝန်ရှိသူတွေ လိုက်ပါလာခဲ့ပါတယ်။ တခြား သူတွေထဲမှာ အမေရိကန် လေတပ်က ဗိုလ်မှူးကြီး Walter Villadei ၊ ဗိုလ်ကြီး Angelo Landolfi နဲ့ လေကြောင်းအင်ဂျင်နီယာ Pantaleone Carlucci တို့ ပါပါတယ်။ အာကာသယာဉ်ကို မောင်းနှင်သူက အမေရိကန် လေတပ်က အငြိမ်းစား ဗိုလ်မှူးကြီး Michael Masucci နဲ့ Nicola Pecile တို့ ဖြစ်ပြီး Virgin Galactic ရဲ့ လေ့ကျင့်ရေးမှူး Colin Bennett လည်း ပါပါတယ်။ Virgin Galactic က ခရီးသည် တစ်ယောက်အတွက် ဒေါ်လာ ၄၅၀,၀၀၀ ရယူထားပါတယ်။

အာကာသခရီးသွားလုပ်ငန်းမှာ Virgin Galactic ရဲ့ ပြိုင်ဖက်က Jeff Bezos ပိုင်တဲ့ Blue Origin ဖြစ်ပါတယ်။ Virgin Galactic က လေယာဉ်ပျံနဲ့ အာကာသကို တက်သွားတဲ့ စနစ် ဖြစ်ပြီး Blue Origin ကတော့ ဒုံးပျံနဲ့ အာကာသကို တက်သွားတဲ့ စနစ်ကို အသုံးပြုပါတယ်။ နောက်ထပ် ပြိုင်ဖက်ကတော့ Elon Musk ရဲ့ SpaceX ဖြစ်ပါတယ်။

Ref : gizmochina