Visa က ဒစ်ဂျစ်တယ် အနုပညာ လောကကို ထောက်ပံ့ဖို့အတွက် Non-fungible Token(NFT) Program ကို ပြုလုပ်ပေးလိုက်ပါတယ်။ ငွေကြေးလွှဲပြောင်းတဲ့ ဝန်ဆောင်မှု ပေးနေတဲ့ ကုမ္ပဏီကြီး Visa က ယခင် Major League  Baseball ကစားသမား အဖြစ်က‌နေ NFT အနုပညာရှင် ဖြစ်လာတဲ့ Micah Johnson နဲ့ ပူးပေါင်းပြီး အဲဒီ Program ကို ဖန်တီးမှာ ဖြစ်ပါတယ်။ Visa ရဲ့ Program မှာ ဒစ်ဂျစ်တယ် အနုပညာရှင်တွေက NFTs တွေကို အရောင်းအဝယ်ပြုလုပ်နိုင်မှာပါ။

Multinational Payments Giant Visa Purchases Cryptopunk NFT for $165K in  Ether – Bitcoin News

Visa က လျှောက်လွှာကနေ တစ်ဆင့် ဒစ်ဂျစ်တယ် အနုပညာရှင် အနည်းငယ်ကို ရွေးချယ်မှာ ဖြစ်ပြီး Crypto နဲ့ Blockchain နည်းပညာ အကြောင်း သူတို့ကို သင်ကြားပေးမှာ ဖြစ်ပါတယ်။ Visa ရဲ့ Crypto ဌာန အကြီးအကဲ Cuy Sheffield က “ ကျွန်တော်တို့ဟာ ဒစ်ဂျစ်တယ် အနုပညာ ကမ္ဘာရဲ့ အစပိုင်းကို ရောက်လာပြီလို့ ယုံကြည်ပါတယ်။ NFTs လို Crypto Ecosystem တွေ အောင်မြင်လာအောင် ပြုလုပ်ပေးတဲ့ နည်းပညာ အသစ်တွေက ဒစ်ဂျစ်တယ် အနုပညာရှင်တွေအတွက် အလားအလာကောင်းတွေ ဖန်တီးပေးနိုင်လာပါတယ်။ အဲဒီ ဒစ်ဂျစ်တယ် အနုပညာရှင်တွေဟာ ကိုယ်ပိုင် လုပ်ငန်းငယ်တွေ ထူထောင်လာနိုင်မှာပါ။ “ လို့ တွစ်တာမှာ ရေးသားထားပါတယ်။

Visa steps into NFT fever. Buys CryptoPunk #7610 for $166,000

ပြီးခဲ့တဲ့ လတွေအတွင်းမှာ NFTs ဈေးကွက်များစွာ ပေါ်လာပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ Cryptocurrency အရောင်းအဝယ် ပြုလုပ်နေတဲ့ Coinbase က NFTs ဈေးကွက်ကို တည်ထောင်တဲ့ နောက်ဆုံး အဖွဲ့အစည်း ဖြစ်လာပါတယ်။ ဒေတာ လေ့လာဆန်းစစ်တဲ့ DappRadar Company က တတိယကွာတားအတွင်း NFTs ဈေးကွက်မှာ ဒေါ်လာ ၁၀ ဘီလီယမ်ဖိုး ရောင်းချနိုင်ခဲ့တယ်လို့ ပြောပါတယ်။

Aku ကို ဖန်တီးတဲ့ Johnson က ၂၀၂၀ မှာ ဒစ်ဂျစ်တယ် အနုပညာ လောကထဲ ဝင်လာပါတယ်။ Aku ကို ၂၀၂၁ ဖေဖော်ဝါရီလမှာ စတင် ဖြန့်ချိခဲ့ပြီး ၂၄ နာရီအတွင်း NFTs Token ပေါင်း ဒေါ်လာ ၂ သန်းကျော်ဖိုး ရောင်းချနိုင်ခဲ့ပါတယ်။ Johnson က “ Visa နဲ့ ပူးပေါင်းလိုက်တဲ့အတွက် အနုပညာရှင်တွေလိုအပ်တဲ့ အရင်းအမြစ်တွေကို ထောက်ပံ့ပေးနိုင်မှာပါ။ “ လို့ ပြောပါတယ်။

Ref : coindesk