ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ်တွေထဲက တစ်ခုဖြစ်တဲ့ vivo ဟာ အချိန်ခဏလေးအတွင်းမှာပဲ နာမည်ကောင်း ရလာတဲ့ နောက်ဆုံးထုတ် Flagship V Series ကို မြန်မာပြည်ဈေးကွက်ထဲကို ယူဆောင်လာဖို့ အဆင်သင့် ဖြစ်နေပါပြီ။

အချိန်ကာလကြာလာတာနဲ့အမျှ vivo ရဲ့ V Series တွေဟာ ဆန်းသစ်တီထွင်ထားတဲ့ကင်မရာ၊ တောက်ပြောင်တဲ့ဒီဇိုင်း၊ သွက်လက်မြန်ဆန်လွန်းတဲ့ လုပ်ဆောင်ချက်တွေပါဝင်လာပြီး ခေတ်ရှေ့ပြေးတဲ့ အဆင့်မြင့်စမတ်ဖုန်း အမျိုးအစားပေါင်းများစွာကို မိတ်ဆက်ပေးခဲ့ပါတယ်။ vivo ဟာ V17 Pro စမတ်ဖုန်းမှာ အဆင်မြင့် Selfile စွမ်းဆောင်ရည်ရှိတဲ့ ကမ္ဘာ့ပထမဆုံး 32MP Dual Pop up Selfie ကင်မရာကို မိတ်ဆက်ပေးခဲ့တာကြောင့် စမတ်ဖုန်းလောကမှာ အသိအမှတ်ပြုခံခဲ့ရတယ်။

vivo V20 အသစ်မှာ ထူးခြားတဲ့ မိုဘိုင်းလ်ဓာတ်ပုံပညာရပ်အတွက် Eye Autofocus feature ကို ကင်မရာထဲထည့်သွင်းလာမယ်လို့ မှန်းဆရတယ်။ vivo V Series တွေဟာ ချောမွေ့တောက်ပမှုကြောင့် လူသိများလာခဲ့တာဖြစ်တဲ့အတွက် V20 မှာဆိုရင်လည်း ပိုမိုပြောင်လက်တဲ့ဒီဇိုင်း ပေါ့ပါးကျစ်လစ်ကာ ထူးခြားတဲ့ ဖက်ရှင်အသွင်အပြင်တွေနဲ့အတူ အရည်အသွေးမြင့်ဒီဇိုင်းတွေ ပါဝင်လာနိုင်ပါတယ်။

လက်ရှိအချိန်အထိ ထုတ်ဖော်ပြသထားတဲ့ ဓာတ်ပုံနဲ့သတင်းအချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် ဒီနိုင်ငံတွင်းမှာ vivo ဟာ လူငယ်တွေအတွက် အထူးအမှတ်တံဆိပ်တစ်ခုဖြစ်တယ်ဆိုတဲ့ အစဉ်အလာကောင်းကို ဆက်လက်ထိန်းထားနိုင်ခဲ့ပါတယ်။ V20 နဲ့အတူ vivo ဟာဆိုရင် ကင်မရာနဲ့ ဒီဇိုင်းရှုထောင့်အသစ် တီထွင်ဆန်းသစ်မှုတွေကို မိတ်ဆက်လာနိုင်တယ်လို့ မျှော်လင့်ရတာကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ Selfie ချစ်သူတွေနဲ့ ဝါသနာရှင်တွေ အထင်ကြီးစေတဲ့အချက် ဖြစ်လာနိုင်တယ်။

တရားဝင်ထုတ်ပြန်ကြေညာချက်တွေကို စောင့်ဆိုင်းနေရပေမဲ့လည်း အခုချိန်မှာ လူသိများတဲ့အချက်က ဘာလဲဆိုရင် V20 ဟာ သုံးစွဲသူတွေ အထူးအာရုံစိုက်ခံစေရမယ့် Eye Autofocus feature ထည့်ထားမယ်ဆိုတဲ့အချက်ပဲဖြစ်တယ်။

ပုံမှန်စမတ်ဖုန်းတွေမှာ Focus Feature ပါဝင်ပေမယ့်လည်း vivo ရဲ့ စွမ်းရည်မြင့် Eye Autofocus feature ဟာဆိုရင် ဓာတ်ပုံပညာရပ်ရဲ့ ကမ္ဘာအသစ်တစ်ခုကို လမ်းဖွင့်ပေးလိုက်နိုင်တဲ့ အခွင့်အလမ်းကောင်းလို့ ဆိုနိုင်တယ်။ ခေတ်မီတဲ့ ကင်မရာဖွဲ့စည်းမှုဒီဇိုင်းကြောင့် ဓာတ်ပုံဆရာတွေဟာ ဓာတ်ပုံတွေကို ရှင်းလင်းပြတ်သား အောင် ရိုက်ယူနိုင်ပြီးတော့ နေ့ညတစ်လျှောက်လုံး အကန့်အသတ်မရှိ အကောင်းဆုံးပုံရိပ်တွေကို ဖမ်းယူနိုင်မှာပါ။ ထပ်ပြီးပြောပြရမယ်ဆိုရင်လည်း Eye Autofocus feature ဟာ သုံးစွဲသူတွေအတွက် မိုဘိုင်းလ်ဓာတ်ပုံ ပညာရပ်မှာ အံ့ဩဖွယ်ရာ အတွေ့အကြုံကောင်းတွေကို ယူဆောင်ပေးပြီး အလွန်ကြည်လင်ပြတ်သားတဲ့ ရင်သပ်ရှုမောဖွယ်ရိုက်ချက်တွေကိုပေးစွမ်းနိုင်တယ်လို့ဆိုပါတယ်။

ခေတ်ရှေ့ပြေးသူအားလုံးအတွက် ဒီအဆင့်မြင့် စမတ်ဖုန်းအမျိုးအစားသစ်ဟာ စတိုင်နဲ့ ဆန်းသစ်တီထွင်မှုတွေ အတွက် စံနမူနာတစ်ခုဖြစ်တယ်ဆိုတဲ့ ကောလဟာလတွေလည်းထွက်ပေါ်နေတယ်။ စိတ်ဝင်စားဖွယ်ရာ ကောင်းတဲ့ Dual Tone Step ဒီဇိုင်းမှာ ထူးခြားတဲ့ အလွှာတစ်ခုဖြည့်စွက်ထားတာကြောင့် စမတ်ဖုန်းအသွင် သဏ္ဍာန်ဟာ ဒီဇိုင်းအနေအထားနဲ့ အထင်ကြီးစရာ ပုံစံတစ်ခုအနေနဲ့ ပြီးပြည့်စုံစေမယ်လို့ မျှော်လင့်ထားလို့ ရနိုင်တယ်။

vivo ဟာ လူငယ်တွေရဲ့ ဘဝနေထိုင်မှုပုံစံ၊ လျင်မြန်တက်ကြွစွာလှုပ်ရှားတတ်ပြီး ဖက်ရှင်ဆန်ဆန် အသုံးပြုသူ တွေနဲ့ လိုက်ဖက်အောင် ဒီဇိုင်းတွေကို အမြဲတမ်း ဂရုတစိုက်နဲ့ ဖန်တီးလေ့ရှိပါတယ်။ vivo ရဲ့ သိသာထင်ရှားတဲ့ လက္ခဏာတွေအရ ပြောင်လက်တဲ့ဒီဇိုင်းနဲ့ ပေါ့ပါးတဲ့ကိုယ်ထည်တွေကိုကြည့်မယ်ဆိုရင် တီထွင်သူကောင်း တစ်ယောက်က စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ ဖန်တီးထားတယ်ဆိုတာသိနိုင်တယ်။ ဒါကြောင့်လည်း V20 ဟာ နောက်ဆုံးပေါ် ဖက်ရှင်တွေနောက် အမြဲတမ်းလိုက်နေတဲ့ ဖက်ရှင်ရေစီးကြောင်းပေါ်က အသုံးပြုသူ တွေရဲ့ အာရုံစူးစိုက်မှုကို အမြဲရယူနိုင်မယ်လို့ ယူဆမိတာပါ။ သဘာဝရဲ့အလှတရားကိုဖော်ကျူးပေးပြီး ဆန်းသစ်လှပတဲ့အရောင်နှစ်မျိုးနဲ့ထွက်ရှိလာမယ်လို့လည်း ကြားသိရတယ်။

V20 နဲ့ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေဆိုပြီး သဘာဝကျကျ အရောင်အသွေးစုံလင်တောက်ပြောင်တဲ့ ပုံတွေလည်း ပေါ်ထွက်ခဲ့တယ်။ vivo ရဲ့ Eye Autofocus feature ရဲ့ လုပ်ဆောင်ချက်တွေ အကြောင်းသိရှိနိုင်ဖို့နဲ့ လုပ်ဆောင် ချက်တွေက ဘယ်လိုအဆင့်မြှင့်တင်ထားသလဲဆိုတာကို သုံးသပ်သူလူငယ်တွေနဲ့ Selfie ချစ်သူတွေကလည်း ရင်ခုန်စွာ စောင့်မျှော်နေကြပါတယ်။ vivo ဟာ V20 ကို အကောင်းဆုံးစတိုင်နဲ့ ပြောင်မြောက်တဲ့ လက်ရာ တွေနဲ့ထုတ်လုပ်ခဲ့ပြီးတော့၊ စမတ်ဖုန်းလောကမှာ ဦးဆောင်ထုတ်လုပ်သူဆိုတဲ့ သူ့ရဲ့ဆောင်ပုဒ်ကိုလည်း ဆက်လက်ထိန်းထားဆဲဖြစ်တယ်။ မကြာမီ ထွက်ရှိလာဦးမယ့် vivo V Series ဟာ အလားအလာအလွန် ကောင်းတဲ့ စီးရီးဖြစ်ပြီးတော့၊ နောက်ထပ်သတင်းအချက်အလက်တွေကို စောင့်မျှော်နားစွင့်ကြပါစို့။

Source – Vivo