Vivo က ထိုင်ဝမ်မှာ စွမ်းဆောင်ရည်သင့် Vivo X50e 5G ကို ကြေညာလိုက်ပါတယ်။ Vivo X50 Series ထဲမှာ ဈေးအသက်သာဆုံး 5G စမတ်ဖုန်း ဖြစ်လာပြီး အဲဒီဖုန်းရဲ့ အဓိက လုပ်ဆောင်ချက်တွေက အနောက်ကင်မရာ ၄ လုံး၊ 33W Fast Charging နဲ့ Snapdragon 765G Chipset တွေ ဖြစ်ပါတယ်။

vivo announces X50e 5G with 48MP main camera, Snapdragon 765G, and 8GB of RAM

Vivo X50e 5G မှာ ၆.၄၄ လက်မ AMOLED မျက်နှာပြင် ပါလာပြီး လက်ဗွေရာ အာရုံခံကိရိယာကို မျက်နှာပြင်အောက်မှာ မြှပ်နှံထားပါတယ်။ မျက်နှာပြင်ဟာ NTSC Color Space အပိုင်းမှာ ၁၀၃ ရာခိုင်နှုန်းအထိ ရထားပြီး အရွယ်သေး Notch မှာ 32MP ဆဲလ်ဖီး ကင်မရာ ထည့်သွင်းထားပါတယ်။

အနောက် ကင်မရာတွေ အကြောင်း ပြောရရင် 48MP Main , 13MP Telephoto , 8MP Ultrawide နဲ့ 2MP Macro ၄ လုံး တပ်ဆင်ထားပြီး Qualcomm ရဲ့ စွမ်းရည်သင့် Snapdragon 765G Chipset မောင်းနှင်ထားပါတယ်။ 8GB RAM နဲ့ 128GB Storage ထည့်သွင်းထားတဲ့အပြင် microSD Card စိုက်နိုင်တဲ့အတွက် ဒေတာများများ သိမ်းနိုင်မှာပါ။

Vivo X50e 5G ရဲ့ ဘက်ထရီ အကြောင်းပြောရရင် 4,350mAh ထောက်ပံ့ထားပြီး 33W Flash Charging ကတော့ တော်တော်မိုက်ပါတယ်။ 3.5mm Headphone Jack နဲ့ NFC Support တွေ ပါလာပြီး ထိုင်ဝမ်မှာ အောက်တိုဘာလ ၁ ရက်နေ့ ရောင်းမှာပါ။ ထိုင်ဝမ် ဒေါ်လာ ၁၃,၉၉၀ သတ်မှတ်ထားပြီး လက်ရှိပေါက်ဈေးနဲ့တွက်ရင် မြန်မာငွေ ၆ သိန်း ၃ သောင်းလောက် ကျသင့်မှာပါ။

Ref : gsmarena