Unicode

လာမယ့် ဖေဖော်ဝါရီလ ၂၃၊ ၂၄ မှာ ကျင်းပမယ့် ၂၀၂၀ ခုနှစ်အတွက် Mobile World Congress (MWC) ပွဲမှာ Vivo ရဲ့ နောက်မျိုးဆက်သစ်နည်းပညာတွေကို ဖော်ပြမယ့် APEX 2020 Concept စမတ်ဖုန်းကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ဒီသတင်းကတော့ Vivo ရဲ့ မီဒီယာဖိတ်စာအသစ်ကနေ ထွက်ပေါ်လာတာဖြစ်ပြီး ဖုန်းအသစ်ရဲ့ ဆောင်ပုဒ်က “Empower the Next” ဖြစ်ပါတယ်။ Vivo ရဲ့ ရှေ့ကထုတ်ပြခဲ့သမျှ APEX Concept ဖုန်းတွေအားလုံးဟာ ဈေးကွက်ထဲကို မရောက်လာရင်တောင်မှ အဆင့်မြင့်နည်းပညာတွေကို ပြသခဲ့နိုင်ပါတယ်။

၂၀၁၈ ခုနှစ် အစောပိုင်းမှာ ပြသခဲ့တဲ့ ပထမဆုံး APEX Concept ဖုန်းဟာ အဆိုပါခေတ်အတွက် ရှေ့ရောက်နေတဲ့ Bezel လုံးဝအပျောက်နီးပါးနဲ့ ပထမဆုံး In-display Fingerprint တို့ကို ယူဆောင်လာခဲ့တယ်။ မနှစ်က APEX 2019 ဖုန်းကတော့ Display ရဲ့ ကြိုက်တဲ့နေရာကို ထိရုံနဲ့ Fingerprint ဖတ်ပေးနိုင်တဲ့ Scanner မျိုးဆက်သစ်နဲ့အတူ အပေါက်တွေ၊ ခလုတ်တွေမပါတဲ့ ဖုန်းကိုယ်ထည်ကို ဖော်ပြလာခဲ့ပါတယ်။

ဒါ့ကြောင့် အခုနှစ်မှာမြင်ရမယ့် APEX 2020 ဖုန်းကိုလည်း အလားတူ တီထွင်ဆန်းသစ်မှုတွေနဲ့ ပွဲထုတ်လာမယ်လို့ မျှော်လင့်နေရတာဖြစ်ပါတယ်။ ဖေဖော်ဝါရီလကုန်ခါနီးမှ မြင်ရမှာဖြစ်တဲ့ MWC ပွဲမှာ Vivo ရဲ့ APEX Concept ဖုန်းနဲ့အတူ အခြား မိုဘိုင်းနည်းပညာသစ်တွေကိုလည်း တွေ့ရဦးမှာပါ။

Ref – GSM Arena

Zawgyi

လာမယ့္ ေဖေဖာ္ဝါရီလ ၂၃၊ ၂၄ မွာ က်င္းပမယ့္ ၂၀၂၀ ခုႏွစ္အတြက္ Mobile World Congress (MWC) ပြဲမွာ Vivo ရဲ႕ ေနာက္မ်ဳိးဆက္သစ္နည္းပညာေတြကို ေဖာ္ျပမယ့္ APEX 2020 Concept စမတ္ဖုန္းကို ျမင္ေတြ႕ရမွာျဖစ္ပါတယ္။

ဒီသတင္းကေတာ့ Vivo ရဲ႕ မီဒီယာဖိတ္စာအသစ္ကေန ထြက္ေပၚလာတာျဖစ္ၿပီး ဖုန္းအသစ္ရဲ႕ ေဆာင္ပုဒ္က “Empower the Next” ျဖစ္ပါတယ္။ Vivo ရဲ႕ ေရွ႕ကထုတ္ျပခဲ့သမွ် APEX Concept ဖုန္းေတြအားလုံးဟာ ေစ်းကြက္ထဲကို မေရာက္လာရင္ေတာင္မွ အဆင့္ျမင့္နည္းပညာေတြကို ျပသခဲ့ႏုိင္ပါတယ္။

၂၀၁၈ ခုႏွစ္ အေစာပုိင္းမွာ ျပသခဲ့တဲ့ ပထမဆုံး APEX Concept ဖုန္းဟာ အဆုိပါေခတ္အတြက္ ေရွ႕ေရာက္ေနတဲ့ Bezel လုံးဝအေပ်ာက္နီးပါးနဲ႔ ပထမဆုံး In-display Fingerprint တုိ႔ကို ယူေဆာင္လာခဲ့တယ္။ မႏွစ္က APEX 2019 ဖုန္းကေတာ့ Display ရဲ႕ ႀကိဳက္တဲ့ေနရာကို ထိရုံနဲ႔ Fingerprint ဖတ္ေပးႏုိင္တဲ့ Scanner မ်ဳိးဆက္သစ္နဲ႔အတူ အေပါက္ေတြ၊ ခလုတ္ေတြမပါတဲ့ ဖုန္းကိုယ္ထည္ကို ေဖာ္ျပလာခဲ့ပါတယ္။

ဒါ့ေၾကာင့္ အခုႏွစ္မွာျမင္ရမယ့္ APEX 2020 ဖုန္းကိုလည္း အလားတူ တီထြင္ဆန္းသစ္မႈေတြနဲ႔ ပြဲထုတ္လာမယ္လို႔ ေမွ်ာ္လင့္ေနရတာျဖစ္ပါတယ္။ ေဖေဖာ္ဝါရီလကုန္ခါနီးမွ ျမင္ရမွာျဖစ္တဲ့ MWC ပြဲမွာ Vivo ရဲ႕ APEX Concept ဖုန္းနဲ႔အတူ အျခား မုိဘုိင္းနည္းပညာသစ္ေတြကိုလည္း ေတြ႕ရဦးမွာပါ။

Ref – GSM Arena