၂၀၁၈ ခုနှစ်မှာ Vivo APEX Concept စမတ်ဖုန်းအမည်ဖြင့် ပထမဆုံး ဟန်းဆက်ကို ပြသခဲ့ပြီးနောက်မှာ ဒီနာမည်ဟာ Vivo ရဲ့ Bezel-less ဖုန်းတွေကို ညွှန်းဆိုတဲ့ အမည်တစ်ခုလို ဖြစ်လာခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်တုန်းကလည်း ဗားရှင်းတစ်ခုကို ထုတ်ပြသခဲ့သေးသလိုပဲ အခုနှစ်မှာလည်း APEX Concept 2020 ဟန်းဆက်ကို မြင်တွေ့ရဦးမှာပါ။

ယနေ့မှာတော့ Vivo APEX 2020 Concept စမတ်ဖုန်းရဲ့ တရားဝင်မဟုတ်သေးတဲ့ Render ပုံရိပ်တွေကို အင်တာနက်ပေါ်မှာ စတင်မြင်တွေ့လာရပြီး ဖုန်းရဲ့ ရှေ့နောက်ဒီဇိုင်းတွေကို လေ့လာခွင့်ရခဲ့ပါတယ်။

ဒီ Render တွေထဲမှာ Vivo APEX 2020 Concept ဟာ သူ့ရဲ့အမှတ်အသားဖြစ်တဲ့ Bezel ဘောင်ပျောက်ဒီဇိုင်းကို ဆက်လက်ယူဆောင်လာတာ တွေ့ရမှာဖြစ်ပြီး မြင့်မားတဲ့ Screen-to-body အချိုးကို မျှော်မှန်းထားနိုင်ပါတယ်။ In-display Fingerprint ဆင်ဆာပါဝင်ကာ Curved-edge Display ပုံစံကို သုံးစွဲလာခဲ့ပါတယ်။

APEX 2018 တုန်းက Pop-up ဆဲလ်ဖီကင်မရာကိုပဲ ထည့်သွင်းခဲ့ကြပေမယ့် ဒီနှစ်မှာ မပါလာပုံကိုထောက်ရင် Next Level ဖြစ်တဲ့ Under-screen ဆဲလ်ဖီကင်မရာကို မြင်တွေ့ရမလားဆိုတာ ရင်ခုန်စရာပါပဲ။

ဒီဖုန်းရဲ့နောက်ဘက်ဒီဇိုင်းကလည်း စိတ်ဝင်စားစရာပါ။ စက်ဝိုင်းပုံသဏ္ဍာန် ကင်မရာ Island လေးထဲမှာ လေးထောင့်ပုံ Optical Zoom Lens ကိုထည့်သွင်းလာပါတယ်။ Leak တွေကတော့ APEX 2020 ဟာ 5 – 7.5X Optical Zoom နဲ့ 48MP Sensor တို့ ပါဝင်လာဖို့ ညွှန်းနေပါတယ်။

စိတ်ဝင်စားစရာကောင်းတာက အခုပုံမှာ Ultra-wide နဲ့ LED Flash တို့ မပါလာသေးတာပါပဲ။ ဒီဖုန်းဟာ 5G ဆက်သွယ်နိုင်စွမ်းလည်း ကျိန်းသေပါဝင်လာမှာပါ။ သူ့ကိုယ်ထည်ပေါ်မှာ Physical Button တွေကို မြင်ရမှာမဟုတ်ဘဲ အားသွင်းစနစ်ကိုလည်း Wireless ပဲထည့်သွင်းလာနိုင်ပါတယ်။

APEX Concept ဖုန်းတွေဟာ နာမည်နဲ့လိုက်အောင် Vivo ရဲ့ နည်းပညာအဆန်းအပြားတွေ ယူဆောင်လာပေမယ့် ဈေးကွက်ထဲကို Mass-produce ထုတ်လုပ်ရလောက်အောင်တော့ အဆင်မပြေသေးပါဘူး။ ဒါပေမယ့် မဝေးတော့တဲ့ အနာဂါတ်မှာ စမတ်ဖုန်းတွေ ဘယ်လိုပုံစံဖြစ်လာမယ်ဆိုတာကိုတော့ ကောင်းကောင်းဖော်ပြနေမှာဖြစ်ပါတယ်။

Ref – Gizmo China