– vivo သည် နည်းပညာအား အသုံးပြု၍ ကမ္ဘာတစ်ဝှမ်းရှိ လူများအား ချိတ်ဆက်ပေးခြင်းနှင့် ဘောလုံးဝါသနာရှင်များအတွက် ထူးခြားဆန်းသစ်သည့် အတွေ့အကြုံကို ဖန်တီးပေးရန်အတွက်လည်း ရည်ရွယ်ခဲ့ပါသည်။

– Globalization အား အမှီပြု၍ vivo အမှတ်တံဆိပ်အား ကမ္ဘာတစ်ဝှမ်း စျေးကွက်မြှင့်တင်ခြင်းနှင့် အမှတ်ရမိစေရန် ရည်ရွယ်ပါသည်။

ဈေးကွက်ရှေ့ဆောင် နည်းပညာ အမှတ်တံဆိပ်တစ်ခုဖြစ်သည့် vivo သည် အထင်ရှားဆုံးနိုင်ငံတကာဘောလုံးပြိုင်ပွဲဖြစ်သည့် FIFA World Cup Qatar 2022™ နှင့် တရားဝင်စပွန်ဆာအဖြစ် ပူးပေါင်းမှုအား ကြေညာခဲ့သည်။ vivo သည် 2017 ခုနှစ်မှစ၍ FIFA World Cup™ ၏တရားဝင်စမတ်ဖုန်းဖြစ်လာခဲ့သည်။ ယခုနှစ်တွင် အဆိုပါပြိုင်ပွဲအား ကမ္ဘာတစ်ဝှမ်းရှိ ဘောလုံးပရိသတ်များနှင့် မမေ့နိုင်သောအတွေ့အကြုံများဖန်တီးရန် ၂၁ နိုဝင်ဘာ ၂၀၂၂ မှစတင်ပြီး ကာတာနိုင်ငံတွင် ကျင်းပဖွင့်လှစ်မည်ဖြစ်သည်။

ဤ Partnership မှတစ်ဆင့် vivo ၏ တရားဝင်အမှတ်တံဆိပ်၊ တရားဝင်အမှတ်တံဆိပ်အထောက်အထားများအပါအဝင် vivo နှင့် ပတ်သက်ရာများကို FIFA World Cup™ တွင် အကောင်းဆုံးအသုံးချကာ ကမ္ဘာတစ်ဝှမ်းရှိ ဘောလုံးချစ်ပရိသတ်များနှင့် ချိတ်ဆက်နိုင်ရန် ထူးခြားဆန်းသစ်သောအစီအစဉ်များကို လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ ရှေ့ဆက်၍ vivo သည် အဆန်းသစ်ဆုံးစမတ်ဖုန်းနည်းပညာ နှင့် သုံးစွဲသူအတွေ့အကြုံအား အမြင့်မားဆုံးဖန်တီး၍ ကမ္ဘာတစ်ဝှမ်းမှာ ဆက်လက်နေရာရရှိဖို့ ကြိုးပမ်းလျက်ရှိပါသည်။

Partnership နှင့်ပတ်သက်၍ vivo Myanmar ၏ CEO ဖြစ်သည့် Mr. Nelson Ni မှ “FIFA World Cup Qatar 2022™ နဲ့ ပူးပေါင်းဆောင်ရွက်မှုက ကျွန်တော်တို့ vivo အတွက် အဓိပ္ပါယ်ရှိတဲ့ အခိုက်အတန့်ပါပဲ။ ဘောလုံးအားကစားကို ကျွန်တော်တို့တွေ ‘Beautiful Game’ လို့ တင်စားခေါ်လေ့ရှိပြီး ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ လူတွေရဲ့ အသက်အရွယ်၊ လူမျိုး၊ ကျား၊ မ နဲ့ ယဉ်ကျေးမှု မခွဲခြားဘဲ စုစုစည်းစည်း နဲ့ ပျော်ရွှင်မှုတွေ ပေးနိုင်စွမ်းနိုင်တဲ့ အားကစားတစ်ခုလည်းဖြစ်ပါတယ်။ FIFA World Cup 2022™ ရဲ့ ကမ္ဘာတစ်ဝှမ်း သြဇာလွှမ်းမိုးနိုင်စွမ်း နှင့် လှုံ့ဆော်နိုင်စွမ်း တို့သည် vivo မှ စျေးကွက် ချဲ့ထွင်ထားသောအထင်ကရ နိုင်ငံနှင့် ဒေသပေါင်း 60 ကျော်အတွက် အကောင်းဆုံး စျေးကွက်သက်‌ရောက်မှုရှိမယ်လို့ ယုံကြည်ပါတယ်။ vivo က အားကစားကဏ္ဍမြှင့်တင်မှုတွေမှာ အစဉ်မြဲစိတ်၀င်စားမှု ရှိနေကြောင်းအား အခုလို ပူးပေါင်းဆောင်ရွက်မှုက သက်သေပြနိုင်သလို ဒီကနေမှတစ်ဆင့် ကမ္ဘာတစ်ဝှမ်းရှိ သန်းနှင့်ချီတဲ့ ပြည်သူတွေက ထူးခြားတဲ့အတွေ့အကြုံတွေနဲ့ ပျော်ရွှင်မှုတွေကို ပေးဆောင်လိုပါတယ်။” ဟု‌ ပြောကြားသည်။

တောင်အာရှတွင် စတင် ပွဲဦးထွက်ခဲ့သည့်အချိန်မှစ၍ vivo သည် ဒေသတွင်း သုံးစွဲသူများထံ ကောင်းမွန်သော ထုတ်ကုန်အတွေ့အကြုံများ ရရှိစေရေးနှင့်ပတ်သက်၍ ယုံကြည်ချက်တစ်ခုအနေဖြင့် အာရုံစိုက်လုပ်ဆောင်ခဲ့ပါသည်။ vivo သည် သုံးစွဲသူများအား ဗဟိုပြု၍ ဆက်လက်ပြီး စျေးကွက်ရှေ့ဆောင်စမတ်ဖုန်းနည်းပညာများကို အဆက်မပြတ် ဆန်းသစ်တီထွင် ပေးအပ်နေမည်ဖြစ်ကြောင်း ကတိပြုပါသည်။

Press Release – vivo