vivo သည် ၎င်း၏ လူအများမျှော်လင့်စောင့်စားနေသော V30 5G အား LC International Hotel တွင် “Light the Night” အမည်ဖြင့် စတင်မိတ်ဆက်ခဲ့ပြီး နည်းပညာနယ်ပယ်တွင် အမှတ်ရဖွယ်ရာ မှတ်တိုင်စိုက်ထူခဲ့ပါသည်။

ယခင် ထုတ်လုပ်ခဲ့သော V29 ၏ အောင်မြင်မှုများနှင့်အတူ vivo မှ ၎င်း၏ နောက်ဆက်တွဲ V30 အား မြန်မာနိုင်ငံတွင် ထုတ်လုပ်လိုက်ခြင်းဖြစ်သည်။ ၎င်း၏ အဆင့်မြင့်လုပ်ဆောင်ချက်များ၊ နည်းပညာတီထွင်မှုများ၊ ဒိဇိုင်းကျလှပမှုများနှင့်အတူ V30 သည် သုံးစွဲသူများအား တမူထူးခြားသော အတွေ့အကြုံကိုပေးစွမ်းနိုင်ရန် ရည်ရွယ်ထားသည်။ ယခုအချိန်မှစတင်ကာ V30 အား မြန်မာနိုင်ငံတွင် မှာယူနိုင်ပြီဖြစ်ပြီး နည်းပညာ စိတ်အားထက်သန်သူများအတွက် အကောင်းမွန်ဆုံး လုပ်ဆောင်ချက်များပါဝင်သည့် စမတ်ဖုန်းအား ပထမဦးဆုံး အတွေ့အကြုံအဖြစ် စတင်သုံးစွဲနိုင်ပြီဖြစ်သည်။

စတင်မိတ်ဆက်ပွဲအခမ်းအနားအား vivo ၏ CEO ဖြစ်သူ Mr. Nelson Ni ၊ vivo ၏ product manager ဦးကောင်းထက်မိုးနှင့် တာဝန်ရှိသူများ၊ Brand Ambassador နော်ဖောအယ်ထား၊ အလင်းရောင်၊ Alice Ong၊ မင်းသား မင်းသမီးများနှင့် မော်ဒယ်များ တက်ရောက်ခဲ့ကာ V စီးရီး၏ မျိုးဆက်သစ်ဖုန်းအား ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။ ထိုသို့ V30 စတင်မိတ်ဆက်ပွဲကို တက်ရောက်ကြိုဆိုခဲ့ကြသည့်အတွက် မျှော်လင့်ခြင်းနှင့် စိတ်လှုပ်ရှားခြင်းတို့ကို မီးမောင်းထိုးပြသခဲ့သည်။ V30 တွင်ပါဝင်သော အဆင့်မြင့် နည်းပညာ တီထွင်မှုများနှင့် အဆင့်မြင်လှပသော ဒီဇိုင်းကို မြင်တွေ့ခဲ့ကြရပြီး vivo မှ စမတ်ဖုန်းနယ်ပယ်၏ စံသတ်မှတ်ချက်များကို မြှင့်တင်ပြခဲ့သည်။

vivo ၏ CEO ဖြစ်သူ Mr. Nelson Ni မှပြောကြားရာတွင် “ထူးခြားတဲ့ လုပ်ဆောင်ချက်တွေနဲ့ စွမ်းဆောင်နိုင်စွမ်းများပါဝင်တဲ့ vivo V30 အား မြန်မာနိုင်ငံတွင် မိတ်ဆက်ရခြင်းကို ကျွန်တော်တို့ လွန်စွာဝမ်းမြောက်မိပါတယ်။ V30 ဟာ ကျွန်တော်တို့ vivo ကနေနည်းပညာတီထွင်မှုနဲ့ အဆင့်မြင့်လှပသော ဒီဇိုင်းများကို ဖန်တီးနိုင်စေဖို့ စဥ်ဆက်မပြတ်ကြိုးစားနေခြင်းရဲ့ သက်သေဖြစ်ပါတယ်။ အံ့ဩဖွယ်ရာ ဒီဇိုင်း၊ အဆင့်မြင့် ဓါတ်ပုံပညာနဲ့ အလွန်ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေပါဝင်တဲ့ vivo V30 ဟာ စမတ်ဖုန်းနယ်ပယ်တွင် သူမတူဘဲ တစ်မူထူးခြား တောက်ပနေမှာပါ။ မြန်မာနိုင်ငံမှာရှိတဲ့ နည်းပညာ စိတ်အားထက်သန်သူတိုင်းအတွက် V30 ဟာ အမှတ်တရ အခိုက်အတန့် တိုင်းကို ရှင်းလင်းပြတ်သားစွာနဲ့ ပျော်ပျော်ရွှင်ရွှင် ရိုက်ကူးမှတ်တမ်းတင်နိုင်မယ့် စမတ်ဖုန်းတစ်ခုဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

vivo ၏ Product Manager ဖြစ်သူ ဦးကောင်းထက်မိုး မှ မှတ်ချက်ပေးရာတွင် “vivo ရဲ့ Product Manager တစ်ယောက်အနေနဲ့ စမတ်ဖုန်းနယ်ပယ်ရဲ့ ကန့်သန့်ချက်တွေကို ကျော်လွန် ဖန်တီးထားတဲ့ V30 ကို မြန်မာနိုင်ငံမှာ စတင်ထုတ်လုပ်နိုင်တဲ့အတွက် လွန်စွာစိတ်လှုပ်ရှားရင်ခုန်မိပါတယ်။ V30 မှာ ပိုမိုကောင်းမွန်အောင် ပြုပြင်ထားတဲ့ Aura Light နှင့် Smart Color Temperature Adjustment တို့ပါဝင်တဲ့အတွက် စမတ်ဖုန်းနဲ့ ရိုက်ကူးတဲ့ ဓါတ်ပုံပညာမှာ အကောင်းမွန်ဆုံး စမတ်ဖုန်းဖြစ်လာပါလိမ့်မယ်။ ပြိုင်ဘက်ကင်းတဲ့ လုပ်ဆောင်နိုင်စွမ်း၊ ဒီဇိုင်းနဲ့ နည်းပညာတီထွင်မှုတွေကို ဖန်တီးနိုင်စေဖို့ V30 ကိုအသေးစိတ်ပုံဖော် တည်ဆောက်ထားပါတယ်။ vivo V30 ဟာ မြန်မာနိုင်ငံမှာရှိတဲ့ သုံးစွဲသူတွေရဲ့ မျှော်မှန်းချက်တွေကိုကျော်လွန်ပြီး စမတ်ဖုန်းနယ်ပယ်မှာ စံသတ်မှတ်ချက်အသစ်များကို ယူဆောင်လာမယ်လို့ ယုံကြည်ပါတယ်။” ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ နည်းပညာစိတ်အား ထက်သန်သူများအတွက် နည်းပညာ တီထွင်ထုတ်လုပ်မှု၊ ကျောရှင်းလှပသော ဒီဇိုင်းနှင့် ပိုမိုတောက်ပသောအနာဂတ်တို့ကို ယူဆောင်လာမည့် vivo V30 5G အား ဖေဖော်ဝါရီလ ၂၈ ရက် မှ မတ်လ ၂ ရက်နေ့အထိ ၁,၄၉၉,၈၀၀ ကျပ် ဈေးနှုန်းဖြင့်စတင်မှာယူနိုင်ပြီဖြစ်ပြီး ကြိုတင်မှာယူပါက Bluetooth speaker နှင့် TWS earbuds တို့ကို လက်ဆောင်အနေဖြင့်ပေးအပ်သွားမည်ဖြစ်ပါသည်။

Media release: vivo