vivo က တရုတ်မှာ Y200 ဖုန်း အသစ်ကို ကြေညာလိုက်ပြီး Snapdragon6 Gen 1 Chipset မောင်းနှင်ထားပါတယ်။ အိန္ဒိယမှာ ရောင်းချထားတဲ့ Y200 နဲ့ မတူညီပါဘူး။

Y200 မှာ 6.78” AMOLED 1080p Display တပ်ဆင်ထားပြီး Display အောက်မှာ လက်ဗွေရာ ကိရိယာမြှုပ်နှံထားပါတယ်။ 8MP ဆဲလ်ဖီး ကင်မရာကို Punch Hole မှာ တပ်ဆင်ထားပါတယ်။ Display ရဲ့ Refresh Rate က 120Hz ဖြစ်ပါတယ်။

အနောက်ဘက်မှာ 50MP Main နဲ့ 2MP Portrait ကင်မရာ တပ်ဆင်ထားပါတယ်။ 12GB RAM နဲ့ 512GB Storage အထိ ထည့်သွင်းထားပြီး microSD Card စိုက်နိုင်ပါတယ်။ 80W Charging ထောက်ပံ့တဲ့ 6,000mAh Battery ပါပါတယ်။

Y200 မှာ OriginOS 4 မောင်းနှင်ထားပြီး တရုတ်မှာ ရောင်းတဲ့ vivo ဖုန်း အားလုံးမှာ Jovi Assistant ထည့်သွင်းထားပါတယ်။ အခုဆိုရင် Jovi မှာ vivo Blue LM ကို အခြေပြုထားတဲ့ Generative AI ပါပါတယ်။

Y200 အတွက် Orange, White နဲ့ Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။ ဈေးနှုန်းက ၂၂၀ ဒေါ်လာကစပြီး မေလ ၂၄ ရက်နေ့ ရောင်းမှာပါ။

Ref : gsmarena