iQOO 10 Series ရဲ့ သတင်းတွေ ပေါက်ကြားနေပြီး နောက်လမှာ ကြေညာမယ်လို့ ထင်ရပါတယ်။ အခုနောက်ဆုံး တိကျခိုင်မာတဲ့ အရင်းအမြစ်ကနေ ထွက်လာတဲ့ သတင်းအရ iQOO 10 Series ဟာ Dimensity 9000+ ပါတဲ့ ပထမဆုံး ဖုန်းတွေ ဖြစ်မယ်လို့ သိရပါတယ်။

Flagship Specs for the Vivo IQOO 10 Series

အဲဒီ Mediatek Chipset ကို ပြီးခဲ့တဲ့ ၁ ပတ်က ကြေညာခဲ့တာ ဖြစ်ပြီး Dimensity 9000 Chipset ထက် အနည်းငယ် ပိုမို တိုးတက်လာပါတယ်။ CPU နဲ့ GPU စွမ်းဆောင်ရည် အနည်းငယ် ပိုမို တိုးတက်လာသလို Signal Processing နဲ့ 5G Modem တွေကို Update ထည့်သွင်းပေးထားပါတယ်။ စွမ်းဆောင်ရည်မြင့် Cortex-X2 Core ဟာ 3.05 GHz ကနေ 3.2 GHz အထိ တိုးတက်လာပြီး Mediatek က Dimensity 9000+ Chipset ပါတဲ့ Device တွေကို ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း ရောင်းချမယ်လို့ ပြောပါတယ်။

Vivo iQOO 10 Price, Specification, Release Date - June 23, 2022

Vivo က iQOO 10 Series တွေရဲ့ Teaser တွေကို ကွာတား ၃ အစောပိုင်း ဖြစ်တဲ့ ဇူလိုင်လမှာ စတင် ဖြန့်ဝေမယ်လို့ ထင်ရပါတယ်။ Dimensity 9000+ Chipset ကို iQOO 10 မှာ ထည့်သွင်းထားမလား၊ iQOO 10 Pro မှာ ထည့်သွင်းထားမလား ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အဲဒီ စမတ်ဖုန်း ၂ လုံးစလုံးမှာ ပါလာနိုင်ခြေလည်း ရှိပါတယ်။ Vivo ဟာ Snapdragon 8+ Gen 1 Chipset ကိုလည်း အသုံးပြုထားမလား ဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : gsmarena