Vivo ဟာ လာမယ့် သြဂုတ်လ ၁၇ ရက်နေ့မှာ iQOO 5 ကို တရားဝင်မိတ်ဆက်ပေးတော့မှာပါ။ ဒီဟန်းဆက်ဟာ 120W အမြန်အားသွင်းစနစ်ထောက်ပံ့ထားပြီး 4,000mAh ဘက်ထရီကို ၁၅ မိနစ်အတွင်း ၁၀၀% အားသွင်းနိုင်မှာ ဖြစ်ပါတယ်။

တရားဝင်မိတ်ဆက်ရက် နီးလာချိန်မှာတော့ iQOO 5 ရဲ့ အချက်အလက်အချို့လည်း ထပ်ပြီးပေါ်ထွက်လာခဲ့ပါပြီ။ Benchmarking ကတစ်ဆင့် သိရှိရတာဖြစ်တဲ့အတွက် အတည်ပြုနိုင်တဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ Master Lu benchmark အပြင်၊ GeekBench နဲ့ 3C certification တွေအားလုံးအရ Vivo V2024 မော်ဒယ်နံပါတ်ဟာ Snapdragon 865 chipset ကို အသုံးပြုထားကြောင်း အတည်ပြုနိုင်ပါပြီ။

သဲလွန်စကတော့ အမြင့်ဆုံး CPU frequency ဟာ 2.84Ghz ဖြစ်ပါတယ်။ Prime core မှာတော့ 865+ ဟာ 3.1GHz အထိ တွေ့နိုင်တာပါ။ ဒါ့အပြင် ထုတ်လုပ်သူဘက်က တရားဝင်မျှဝေထားတဲ့အချက်အလက်တွေအရ LPDDR5 နဲ့ UFS 3.1 အမျိုးအစား ရှိတယ်ဆိုတာလည်း သိနိုင်ပါတယ်။ iQOO အတွက် Halo feature နဲ့ လိုက်ဖက်တဲ့ Spec တွေကိုပဲ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

တရားဝင် Teaser တွေအရလည်း iQOO 5 ဟာ 120Hz AMOLED မျက်နှာပြင်နဲ့ဖြစ်ပြီး 240Hz touch sampling rate နဲ့ ဖြစ်ကြောင်း သိနိုင်ပါတယ်။ Color space ကတော့ 100% DCI-P3 ဖြစ်ပါတယ်။ Master Lu စံသတ်မှတ်ချက်အရ Panel ဟာ 1080 x 2376 pixel ဖြစ်ပြီး 19.8:9 အချိုး ဖြစ်ပါတယ်။ ကောလာဟလတွေအရတော့ iQOO 5 Pro အမျိုးအစားဟာ Carved display ဖြစ်ပြီး Vanilla အမျိုးအစားကတော့ Flat panel ပဲ ဖြစ်ပါတယ်။ iQOO 5 ရဲ့ ကျောဘက်ကင်မရာတည်ဆောက်ပုံနဲ့ပတ်သက်ရင်တော့ အခုထိ တိတိကျကျ မသိရသေးပါဘူး။

Ref: GSM Arena