Vivo ဟာ ဒီနှစ်အစောပိုင်းမှာ 120W အမြန်အားသွင်းစနစ်ကို မိတ်ဆက်ခဲ့ပါတယ်။ လက်ရှိဈေးကွက်ထဲမှာ 120W အမြန်အားသွင်းစနစ်ထောက်ပံ့ထားတဲ့ စမတ်ဖုန်းနှစ်မျိုးကို လူသိများပါတယ်။ အဲဒါတွေကတော့ iQOO 5 Pro 5G နဲ့ Xiaomi ရဲ့ Mi 10 Ultra တို့ပဲ ဖြစ်ပါတယ်။

အခုတော့ iQOO အမှတ်တံဆိပ်မှာ နောက်ထပ် 120W အမြန်အားသွင်းစနစ်ထောက်ပံ့ထားတဲ့ ဖုန်းတစ်မျိုး ထပ်တိုးလာတော့မယ်လို့ ယူဆရပါတယ်။ အကြောင်းက ကုဒ်နာမည် V2049A နဲ့ Device ဟာ တရုတ် 3C မှာ 120W နဲ့ ပေါ်ပေါက်လာတာကို တွေ့မြင်ရလို့ပါပဲ။ ဒီကုဒ်နာမည်နဲ့ ဟန်းဆက်ဟာ iQOO 7 စီးရီးရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

iQOO 7 ဆိုပြီး တိကျခိုင်မာတဲ့ အထောက်အထားပြစရာမရှိသေးပေမယ့် နာမည်ကျော် Leakster ဖြစ်တဲ့ Digital Chat Station ကတော့ iQOO device လို့ အခိုင်အမာညွှန်းဆိုထားပြီး လာမယ့် ၂၀၂၁ အစောပိုင်းမှာ ပွဲထွက်လာမယ်လို့ မျှော်လင့်နေပါတယ်။ သေချာတာကတော့ ဒီလိုမျိုး 120W အမြန်အားသွင်းစနစ်ကို Flagship မဟုတ်တဲ့ ဟန်းဆက်တွေမှာ တွေ့မြင်ရဖို့ မလွယ်ကူသေးပါဘူး။

နောက်တစ်ချက် ဒီဟန်းဆက်ကို တရုတ်နိုင်ငံပြင်ပဈေးကွက်မှာ မြင်တွေ့ရခြင်းမရှိသေးတာပါ။ ဒါကြောင့် ဒီ ဟန်းဆက်ကလည်း iQOO 5 Pro လိုပဲ ပြည်တွင်းဈေးကွက်ကိုပဲ ရည်ရွယ်ထားတယ်လို့ ယူဆရပါတယ်။ 120W အမြန်အားသွင်းစနစ်ဟာ iQOO 5 Pro 5G ရဲ့ 4,000mAh ဘက်ထရီကို ၅ မိနစ်အတွင်း ၅၀% အားသွင်းနိုင်သလို၊ ၁၀၀% အားသွင်းဖို့ အချိန် ၁၅ မိနစ်ပဲ ကြာမြင့်တာ ဖြစ်ပါတယ်။

Ref: GSM Arena