Vivo ရဲ့ Sub-brand တစ်ခုဖြစ်တဲ့ iQOO ကနေ Mid Range 5G ဖုန်းတစ်လုံးဖြစ်တဲ့ iQOO Z1x ကိုတရားဝင်မိတ်ဆက်လိုက်ပါပြီ။ အဆိုပါ iQOO Z1x ဟာ ယခင်ထဲက သတင်းတွေဆက်တိုက်ပေါက်ကြားခဲ့ပြီးတော့ Mid Range ဖုန်းတွေထဲမှာ ပေးရတဲ့စျေးနဲ့ယှဥ်ရင်တော်တော်လေးကိုတန်တဲ့ စွမ်းဆောင်ရည်ရရှိလာမှာပါ။

iQOO Z1x ဟာ Qualcomm Snapdragon 765G ကို အသုံးပြုထားမှာဖြစ်ပြီးတော့ RAM 6GB + 64GB Version ကနေ RAM 8GB + 256GB Version အထိ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ RAM အနေနဲ့လည်း မြန်ဆန်တဲ့ LPDDR4x အမျိုးအစားကို အသုံးပြုထားသလို Storage ပိုင်းမှာလည်း UFS 2.1 Storage ကို အသုံးပြုထားတဲ့အတွက် ပုံမှန် Mid Range ဖုန်းတွေထက်ပိုမိုမြန်ဆန်နေမှာပါ။

Display ပိုင်းအနေနဲ့တော့ 120Hz Refresh Rate ကို Support ပေးနိုင်တဲ့ 6.57″ 20:9 Full HD+ Display ကို အသုံးပြုထားပြီးတော့ 16MP Selfie Camera ကို Display ရဲ့ အပေါ်ဘက်ညာဘက်တောင့်မှာ Punch-hole ပုံစံအနေနဲ့ထည့်သွင်းထားမှာဖြစ်ပါတယ်။ Back Camera အနေနဲ့ကတော့ 48MP Primary + 2MP Macro + 2MP Depth Sensor တွေပါဝင်တဲ့ Triple Camera Setup ကို အသုံးပြုထားမှာပါ။

Fingerprint Sensor ကိုတော့ ဖုန်းရဲ့ ဘေးဘက် Power Button မှာပဲထည့်သွင်းထားပြီးတော့ USB-C Port အပြင် 3.5mm Audio Port လည်းထည့်သွင်းပေးထားပါတယ်။ တခြားသော Feature တွေအနေနဲ့ကတော့ Bluetooth 5.1 နဲ့ Wi-FI 6 တွေလည်းပါဝင်ဦးမှာပါ။ Battery အနေနဲ့ကတော့ 5000mAh Battery ကိုမှ 33W Fast Charging ကို Support ပြုလုပ်မယ်လို့ သိရပါတယ်။

iQOO ရဲ့ပြောကြားချက်အရတော့ Z1x မှာ 1000 sq.mm အရွယ်အစားရှိတဲ့ Graphite Sheet အပြင် 85mm Heat Cooling Pipe ကိုထည့်သွင်းထားတဲ့အတွက် အပူကိုသိသိသာသာလျော့ချပေးနိုင်မယ်လို့ သိရပါတယ်။ ဒါကိုမှ Cooling Turbo Software နဲ့လည်း ထိန်းချုပ်သွားမှာဖြစ်တဲ့အတွက် ပုံမှန်ထဲ 10’C နီးပါး အပူသက်သာသွားမှာဖြစ်ပါတယ်။

အရောင်တွေအနေနဲ့ကတော့ Black ၊ Blue နဲ့ White ဆိုပြီး မိတ်ဆက်သွားခဲ့သလို စျေးနှုန်းတွေအနေနဲ့ကတော့ အနိမ့်ဆုံး RAM 6GB + 64GB ကို 1,598 Yuan (မြန်မာငွေ ၃ သိန်း ၁ သောင်းဝန်းကျင်) နဲ့ အမြင့်ဆုံး RAM 8GB + 256GB Version ကိုမှ 2,298 Yuan (မြန်မာငွေ ၄ သိန်းခွဲဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။

Ref – GSM Arena