vivo သည် ခေတ်မီ ဒီဇိုင်း၊ ရင်သပ်ရှုမောဖွယ် ကင်မရာနှင့် လုပ်ဆောင် နိုင်စွမ်းမြင့်မားမှု တို့ပါဝင်သော ၎င်း၏ နောက်ဆုံးပေါ် vivo Y17s အား စတင်မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ ၎င်း vivo Y17s ၏ဒီဇိုင်းသည် စမတ်ဖုန်းသုံးစွဲသူများအကြား မတူကွဲပြားသည့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ရည်ရွယ်သည်။

Y17s ၏ အထူးခြားဆုံးအချက်မှာ တင့်တယ်လှပသည့် ဒီဇိုင်းဖြစ်သည်။ ၎င်းတွင် ဒီဇိုင်းလှပမှုနှင့် လက်တွေ့အသုံးဝင်မှုတို့ကို ဖြည့်ဆည်းပေးနိုင်သည့် Trendy Dual-Camera Design ပါရှိသည်။ 2.5D sheet Material ကိုအသုံးပြုထားသည့်အတွက် ဖုန်းအား ကိုင်ထားသည့်အခါ သက်တောင့်သက်သာ ရှိစေသည်သာမက အဆင့်အတန်းမြင့်မားသည့်ခံစားမှုကိုပါ‌ ပေးစွမ်းနိုင်ပြီး ဈေးကွက်ရှိ အခြားဖုန်းများ အကြားတွင် ထူးခြားစေပါသည်။ vivo Y17s အား Glitter Purple နှင့် Forest Green အရောင်နှစ်မျိုး တို့ဖြင့် ဝယ်ယူရရှိနိုင်ပြီး ဤအရောင်နှစ်မျိုးသည် ခေတ်မီစေရုံသာမက အများကြားတွင် ထင်ပေါ် စေသည်။

vivo Myanmar ၏ CEO ဖြစ်သူ Mr. Nelson Ni မှ မှတ်ချက်ပေးရာတွင် “vivo Y17s ဟာ နည်းပညာ ချဲ့ထွင်တီထွင်မှု နဲ့ စမတ်ဖုန်းဈေးကွက်မှာ စံနှုန်းသစ်များကို ချမှတ်နိုင်ဖို့ ကျွန်တော်တို့ စဉ်ဆက်မပြတ် ကြိုးစားနေကြောင်း သက်သေပဲဖြစ်ပါတယ်။ သူရဲ့ စွဲမက်ဖွယ်ရာ ဒီဇိုင်း၊ ထူးကဲ‌သာလွန်တဲ့ ကင်မရာ လုပ်ဆောင်ချက်တွေနဲ့ သူမတူတဲ့ စွမ်းဆောင်နိုင်မှုတွေပါရှိတာကြောင့် သုံးစွဲသူများကြားမှာ ပြောစမှတ် တွင်စရာ ဖုန်းတစ်ခုဖြစ်လာပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေဟာ အကောင်းဆုံးဆိုတဲ့ အရာတွေ နဲ့သာ ထိုက်တန်တယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။ ဒါကြောင့်လည်း Y17s ဟာ ကျွန်တော်တို့ရဲ့ ယုံကြည်မှုကို သက်သေပြသွားပါလိမ့်မယ်။” ဟုပြောကြားခဲ့သည်။

vivo Y17s တွင်အကောင်းမွန်ဆုံးသော ကင်မရာလုပ်ဆောင်ချက်များပါဝင်ကာ လွန်စွာကြည်လင် ပြတ်သားသည့် ဓါတ်ပုံများကိုရိုက်ကူးဖန်တီးနိုင်ပါသည်။ 50 MP Portrait Camera, 2 MP Bokeh Camera နှင့် 8 MP Front Camera တို့ပါရှိခြင်းက စမတ်ဖုန်းအား များစွာသော ရွေးချယ်မှုများကို‌ ပေးစွမ်းပြီး အသေးစိတ်ရိုက်ကူးနိုင်သည့အထိ ကောင်းမွန်ပါသည်။

Portrait Mode အားအသုံးပြု၍ ဖြစ်စေ၊ Bokeh Flare Portrait အားဖြစ်စေ၊ Super Night Mode အားဖြစ်စေ၊ နည်းပညာမြင့်မားသော Aura Screen Light လုပ်ဆောင်ချက်အားဖြစ်‌စေ အသုံးပြု၍ရိုက်ကူးလိုက်သည့် ပုံရိပ်တိုင်းအား အနုပညာ ရပ်တစ်ခုအဖြစ် ပုံဖော်နိုင်ပါသည်။

vivo Y17s တွင် 5000 mAh Large Battery ပါဝင်သောကြောင့် တစ်နေ့တာလုံး အလုပ်တာဝန်များကို အနှောက်အယှက်ကင်းမဲ့စွာဖြင့် လျင်မြန်စွာဆောင်ရွက် ပြီးစီးနိုင်သည်။ Y17s အား အသုံးပြု၍ အလုပ်လုပ်သည်ဖြစ်စေ၊ ရုပ်ရှင်ကြည့်သည်ဖြစ်စေ၊ ဂိမ်းကစားသည်ဖြစ်စေ ကြာရှည်ခံသော ဘက်ထရီ အားရှိသည်။ Y17s တွင် Memory Booster ပါရှိပြီး 6 GB + 6 GB Extended RAM ပါရှိသောကြောင့် အလုပ်များကို တစ်ပြိုင်နက်တည်းလုပ်ဆောင်နိုင်စေပြီး လုပ်ဆောင်ချက်များ သူမတူ ကောင်းမွန်ပါသည်။

အက်ပလီကေးရှင်းများစွာကို စဉ်ဆက်မပြတ် သုံးစွဲနေသည်ဖြစ်စေ၊ ရုပ်ထွက်လွန်စွာမြင့်မားသော ဂိမ်းများကိုဆော့ကစားနေသည်ဖြစ်စေ၊ အလုပ် များကို တစ်ပြိုင်နက်တည်းလုပ်ဆောင်နေသည်ဖြစ်စေ Y17s ဖြင့်စိတ်ချစွာ အသုံးပြုနိုင်မည်ဖြစ်သည်။ 128 GB Large ROM သည် အမှတ်တရဓါတ်ပုံများ၊ အက်ပလီကေးရှင်းများနှင့် ဖိုင်များကို သဘောကျသုံးစွဲရန် လုံလောက်စေပြီး IP54 Dust and Water Resistant ပါရှိခြင်းကြောင့် ဖုန်မှုန့်နှင့်ရေဝင်ခြင်းတို့ကြောင့် ပျက်စီးခြင်းမရှိ လုံခြုံစိတ်ချစွာ အသုံးပြု နိုင်ပါသည်။

Y17s တွင်ပါဝင်သော High-Brightness Display ကြောင့် နေရောင်အတောက်ပဆုံးအချိန်များတွင်ပါ လွန်စွာကြည်‌လင်သောရုပ်ထွက်များကို ကြည့်ရှုခံစားနိုင်သည်။ ဤသို့ပါရှိခြင်းကြောင့် တောက်ပ ကြည်လင်သောအရောင်များနှင့် အသေးစိတ်ကျကျရုပ်ပုံများအား ဖန်သားပြင်ပေါ်တွင် ပြီးပြည့်စုံစွာ ခံစားကြည့်ရှုနိုင်ပြီး စိတ်ခံစားမှုကျေနပ်‌ ကောင်းမွန်စေသည့် ရုပ်ပုံခံစားမှု အတွေ့အကြုံကိုရရှိပါသည်။

ပတ်ဝန်းကျင် အလင်းရောင် တောက်ပသည်ဖြစ်စေ၊ မတောက်ပသည်ဖြစ်စေ ၎င်းတွင်ပါဝင်သော 700 nits အလင်းရောင်သည် ကြည်လင်ပြတ်သားသော ရုပ်ထွက်အား ပေးစွမ်းသည်။ ထို့အပြင် ဖုန်းဖန်သား ပြင်၏ အလင်းရောင်အား 840 nits အထိ peak brightness သို့တိုးမြင့်နိုင်သဖြင့် နေရောင်နှင့် တိုက်ရိုက်ထိတွေ့သည့်အခါမျိုးတွင်ပါ ဖုန်း၏ ဖန်သားပြင်အား သက်တောင့်သက်သာဖြင့် ကြည့်ရှု ဖတ်သားနိုင်သည်။

vivo Y17s အား မြန်မာနိုင်ငံတွင် နိုဝင်ဘာလ ၁၁ ရက်မှစတင်ကာ ၄၃၉,၈၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါသည်။ ဝယ်ယူသူများအနေနှင့် Wired Earphone လက်ဆောင် ရရှိမည်ဖြစ်သည်။

Media release: vivo