Vivo ဟာ အောက်တိုဘာလမှာ X80 Pro+ ကို နိုင်ငံတကာမှာ ကြေညာဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမယ့် မိတ်ဆက်ပွဲမှာ အဲဒီ စမတ်ဖုန်း ၁ လုံးထဲ မိတ်ဆက်မှာ မဟုတ်ပါဘူး။ Rootmygalaxy က မော်ဒယ်နံပါတ် V2208 သတ်မှတ်ထားတဲ့ Vivo X80 Lite 5G ရဲ့ Firmware ကို စတင် ဖန်တီးနေပြီလို့ သတင်းပေးလာပါတယ်။

vivo is working on the X80 Lite which may launch alongside the X80 Pro+ in October - GSMArena.com news

လက်ရှိမှာ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေ မပေါက်ကြားလာသေးတဲ့အတွက် ဖန်တီးနေတဲ့ အဆင့်ပဲ ရှိနိုင်ပါသေးတယ်။ အဲဒီအတွက် အောက်တိုဘာလမှာ ကြေညာမယ်ဆိုတာ သဘာဝကျပါတယ်။ X80 Lite 5G ဟာ X80 Series ရဲ့ ဈေးအချိုသာဆုံး မော်ဒယ် ဖြစ်မှာ သေချာပါတယ်။ Vivo ဟာ တခြား တရုတ် ကုမ္ပဏီတွေနဲ့ယှဉ်ရင် Lite Version တွေ ထုတ်လုပ်ရောင်းချတာ ရှားပါးပါတယ်။ အခုတော့ Vivo ဟာ Lite လမ်းကြောင်းကို လိုက်တော့မယ်လို့ ထင်ရပါတယ်။

Vivo X80 Lite ရဲ့ Specs တွေ လက်ရှိမှာ မပေါက်ကြားသေးပါဘူး။ Qualcomm ရဲ့ စွမ်းရည်သင့် Snapdragon 7 Gen 1 Chipset မောင်းနှင်ထားမယ်လို့ ထင်ရပါတယ်။ တန်ဖိုး ပိုကြီးတဲ့ X80 စမတ်ဖုန်းတွေမှာလို တူညီတဲ့ Zeiss Branding ကို အသုံးပြုထားမလားဆိုတဲ့ မေးခွန်းကို လက်ရှိမှာ မဖြေပေးနိုင်သေးပါဘူး။ မကြာခင်မှာ Vivo X80 Pro Lite ရဲ့ သတင်းအချက်အလက်တွေ ပိုမို ထွက်ပေါ်လာနိုင်ပါတယ်။

Ref : gsmarena