vivo ကတော့ အကြမ်းခံပြီး ဒီဇိုင်းလှပတဲ့ Y19s ကိုစျေးနှုန်း ၅၉၉၈၀၀ ကျပ်နဲ့ စတင်ကြေငြာရောင်းချခဲ့ပါပြီ။
ဒီနေ့ခေတ်စမတ်ဖုန်းသုံးစွဲသူတွေရဲ့ လိုအပ်ချက်များကို စဉ်ဆက်မပြတ်ဖြည့်ဆည်းပေးလိုတဲ့ရည်ရွယ်ချက်နဲ့ တိုးတက်သောနည်းပညာများကို vivo ရဲ့ ဖုန်းအမျိုးမျိုးမှာ မြင်တွေ့ရနိုင်မှာပါ။ vivo Y19s မှာ ရေခဲတောင်တန်းတွေရဲ့ လှပတဲ့ သဘာဝတရားကိုဖော်ပြတဲ့ Glacier Blue နဲ့ စိန်ပွင့်လေးများသဖွယ်တောက်ပရွှန်းလက်ပြီး ကျက်သရေရှိတဲ့ Glossy Black ဆိုတဲ့ အရောင်နှစ်မျိုးရွေးချယ်နိုင်မှာပါ။
၁၉၈ ဂရမ်သာလေးပြီး ၈.၁ မီလီမီတာသာထူတဲ့ ပါးလွှာပေါ့ပါးတဲ့ဖုန်းထဲမှာ 5500 mAh ကိုထည့်သွင်းပေးထားတာကြောင့် တနေ့တာဖုန်းအသုံးပြုမှုမှာ လုံလောက်တဲ့ စွမ်းအင်ပမာဏကိုပေါ့ပါးသွက်လက်စွာသယ်ယူသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။
လှပတဲ့ အမှတ်တရများကိုဖမ်းယူနိုင်စေရန် ကျောဖက်တွင် 50MP HD main Camera နှင့်ယင်းကိုကူညီထောက်ပံ့ပေးသောကင်မရာတစ်လုံး စုစုပေါင်းနှစ်လုံးပါဝင်ပါတယ်။ အရှေ့ဘက်မှာ 5MP Potrait Camera ပါဝင်ပါတယ်။ ကျောဖက်ရှိစက်ဝိုင်းသဖွယ် Dynamic Light လေးဟာ ဖုန်းအဝင်ခေါ်ဆိုမှုများ ၊ Notifications တွေကို မတူညီတဲ့ အရောင်အမျိုးမျိုးနဲ့ ဖော်ပြပေးနိုင်တဲ့အတွက် အမြင်ဆန်းလှပပြီး သုံးစွဲသူတွေနှစ်ချိုက်သဘောကျဖွယ်ရာဖြစ်ပါတယ်။
vivo Y19s မှာပါဝင်တဲ့ 5,500 mAh Battery ဟာ လေးနှစ်ကြာသုံးစွဲပြီးနောက်မှာလည်း Battery Health 80% အထက်ရှိနေဦးမှာဖြစ်လို့ ဖုန်းကိုရေရှည်သုံးစွဲဖို့ရည်ရွယ်တဲ့သူတွေနဲ့ အထူးသင့်တော်သောဖုန်းတစ်လုံး ဖြစ်ပါတယ်။ ဒါ့အပြင် vivo Y19s မှာ IP 64 Dust & Water Resistance ပါဝင်လာပြီး SGS Drop resistance နဲ့ Passed Military Grade Shock-Resistance Test (MIL-STD-810H)
အစရှိတဲ့ Certificate တွေရရှိထားတာကြောင့် နေ့စဉ်ဘဝမှာဖြစ်တတ်လေ့ရှိတဲ့ စမတ်ဖုန်းနဲ့ ပတ်သက်တဲ့ မတော်တဆတွေဖြစ်တဲ့ ရေစို၊ရေစင်ခြင်း၊ဖုန်ဝင်ခြင်းနဲ့ ပြုတ်ကျခြင်းအစရှိသည်တို့ကိုကာကွယ်ထားနိုင်မှာ ဖြစ်ပါတယ်။ ဖုန်းသုံးစွဲရာတွင်ပြီးပြည်စုံသောအာရုံခံစားမှုကိုရရှိနိုင်စေရန် 6.68-inch ရှိသော Y series ၏ ပထမဆုံး High-Brightness Dotch Display မှာ Brightness 1000 Nits အထိရရှိနိုင်မှာဖြစ်ပြီး မျက်လုံးထိခိုက်မှုကိုကာကွယ်ပေးနိုင်သောTÜV Rheinland Low Blue Light Certificationလဲရရှိထားပါတယ်။
Y19s မှာ Dural Stereo Speaker ပါဝင်လာပြီး Volume ကို 300% အထိ ချဲ့နိုင်တာကြောင့် လမ်းညွှန်မြေပုံအသုံးပြုခြင်း၊သီချင်းများနားထောင်ခြင်း၊ဂိမ်းဆော့စကားခြင်းနှင့်ရုပ်ရှင်ကြည့်ခြင်းတွေမှာ ကြည်လင်ကျယ်လောင်ကိုအသံထွက်ကိုရရှိခံစားရမှာ ဖြစ်ပါတယ်။ Y So Powerful , Y So Cool ဖြစ်တဲ့ vivo Y19s ရဲ့ စျေးနှုန်း ကတော့ ၅၉၉၈၀၀ကျပ်ဖြစ်ပြီး နိုဝင်ဘာ(၁၅)ရက်နေ့မှစတင်ပြီးအမြို့မြို့အနယ်နယ်ရှိvivo Showroom များနှင့်အရောင်းကောင်တာရှိသောမိုဘိုင်းဖုန်းအရောင်းဆိုင်များတွင်ဝယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။ vivo Y19s ဝယ်ယူသူတိုင်းသည်ကြိုးနားကျပ်ကိုလက်ဆောင်အနေဖြင့်ရရှိမည်ဖြစ်ပြီး ပစ္စည်းလက်ကျန်ရှိသည်အထိသာပေးသွားမှာ ဖြစ်ပါတယ်။
Media release: vivo