vivo က တရုတ်မှာ တန်ဖိုးနည်း Y33t ကို ကြေညာလိုက်ပါတယ်။ vivo Y33t မှာ 6.56” LCD မျက်နှာပြင် တပ်ဆင်ထားပြီး 60Hz Refresh Rate ထောက်ပံ့ထားပါတယ်။ အရှေ့ဘက်မှာ အရွယ်သေး Notch ပါလာပါတယ်။ မျက်နှာပြင်ဟာ ပုံမှန်သုံးရင် ကောင်းပေမယ့် မြင့်မားတဲ့ Refresh Rate မပါလာတာက စိတ်ပျက်စရာပါ။
vivo Y33t မှာ MediaTek G85 Processor မောင်းနှင်ထားပြီး စွမ်းရည်သင့် Chipset ဖြစ်ပါတယ်။ အဲဒီ Chipset က နေ့စဉ် အလုပ်တွေကို ကောင်းကောင်း ကိုင်တွယ်နိုင်ပါတယ်။ 6GB RAM နဲ့ 128GB Storage ထည့်သွင်းထားပြီး တန်ဖိုးနည်း ဖုန်း ၁ လုံးအတွက် ကောင်းမွန်တယ်လို့ ပြောရမှာပါ။ 6GB Virtual Memory Expansion ထောက်ပံ့ထားပြီး Android 13 အခြေပြု OriginOS မောင်းနှင်ထားပါတယ်။
ကင်မရာအကြောင်းပြောရရင် အနောက်ဘက်မှာ 13MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။ ဆဲလ်ဖီးနဲ့ Video Call အတွက် 8MP အရှေ့ ကင်မရာ ပါပါတယ်။
15W Fast Charging ပါတဲ့ 5,000mAh Battery ထည့်သွင်းထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ ပါလာပါတယ်။
Vivo Y33t ကို ၁၁၀ ဒေါ်လာ သတ်မှတ်ထားပြီး Wild Green နဲ့ Crystal Purple ၂ ရောင် ထုတ်လုပ်ထားပါတယ်။ တရုတ်မှာ JD.com ကနေ ဝယ်ယူနိုင်ပါပြီ။
Ref : gizmochina