Vivo က မကြာခင်ကပဲ သတင်းထွက်လာတဲ့ iQOO U1x ကို တရုတ်မှာ တရားဝင် ကြေညာလိုက်ပါပြီ။ အရမ်းကို ဈေးချိုတဲ့ ဖုန်း ဖြစ်ပြီး အရွယ်ကြီး ဘက်ထရီက အဲဒီ ဖုန်းရဲ့ အဓိက အစိတ်အပိုင်းပါပဲ။ iQOO U1x မှာ Snapdragon 662 Chipset မောင်းနှင်ထားပြီး 4GB or 6GB RAM နဲ့ 64GB or 128GB Storage တွေ ရွေးချယ်နိုင်ပါတယ်။

vivo launches iQOO U1x with Snapdragon 662 chipset

၆.၅၁ လက်မ LCD 720p မျက်နှာပြင် ပါလာပြီး အရွယ်သေး Notch မှာ 8MP ကင်မရာ ထည့်ထားပါတယ်။ အနောက်ကင်မရာတွေ အကြောင်း ပြောရရင် 13MP Main , 2MP Depth နဲ့ 2MP Macro ၃ လုံး တပ်ဆင်ထားပါတယ်။

vivo to announce iQOO U1x with SD662 chipset on October 21 - GSMArena.com news

ဒိတ်အောက်နေတဲ့ microUSB Port ပဲ ပါလာတာက သိပ်မမိုက်ပေမယ့် 5,000mAh ဘက်ထရီက တော်တော် အသုံးခံမှာပါ။ Fast Charging လည်း မပါလာပါဘူး။ အဲဒီ စမတ်ဖုန်းကို တရုတ်မှာ စတင် ရောင်းမယ့်အတွက် Google Services ပါလာမှာ မဟုတ်ဘဲ Android 10 အခြေပြု iQOO UI နဲ့ Jovi AI Assistant ထည့်သွင်းထားပါတယ်။ ငွေနဲ့ အနက်ရောင် ထုတ်လုပ်ထားပြီး 4/64GB ကို ၈၉၉ ယွမ် သတ်မှတ်ထားပါတယ်။ ၁ သိန်း ၇ သောင်းလောက်ပဲ ရှိပါတယ်။

Vivo က iQOO Z1 ရဲ့ Memory Combination အသစ် ၁  ခုကိုလည်း ကြေညာလိုက်ပြီး 12/128GB ထည့်ပေးထားပါတယ်။ ၂,၅၉၈ ယွမ် သတ်မှတ်ထားပြီး ၅ သိန်းလောက် ကျသင့်မှာဖြစ်ပါတယ်။ iQOO U1x နဲ့ iQOO Z1 Version အသစ်ကို Vivo စတိုးနဲ့ JD.com , Tmall တို့လို နာမည်ကျော် တရုတ် အွန်လိုင်းစတိုးတွေမှာ ကြိုတင်မှာယူနိုင်ပါပြီ။

Ref : gsmarena