vivo က Y300i ကို ကြေညာလိုက်ပြီး ကြီးမားတဲ့ Battery တပ်ဆင်ထားပါတယ်။ vivo ရဲ့ ဖုန်းတွေထဲမှာ အကြီးမားဆုံး Battery ပါတဲ့ ဖုန်း ၁ လုံး ဖြစ်ပါတယ်။
Y300i မှာ 6.68” LCD HD+ Display တပ်ဆင်ထားပြီး 120Hz Refresh Rate ထည့်သွင်းထားပါတယ်။ Qualcomm Snapdragon 4 Gen 2 Chipset မောင်းနှင်ထားပြီး 8GB or 12GB RAM နဲ့ 256GB or 512GB Storage ပါပါတယ်။
အနောက်ဘက်မှာ ကင်မရာ ၂ လုံး တပ်ထားပြီး 50MP Main နဲ့ အပို ကင်မရာ ၁ လုံး ပါပါတယ်။ ဆဲလ်ဖီး ကင်မရာက 5MP ဖြစ်ပြီး Punch Hole မှာ ထည့်သွင်းထားပါတယ်။
Android 15 ပါလာပြီး တရုတ်မှာ ကြေညာတဲ့အတွက် OriginOS နဲ့ အုပ်ထားပါတယ်။ Battery က ကြီးမားပြီး 6,500mAh ဖြစ်ပါတယ်။ 44W Wired Charging ပါလာပြီး Wireless Charging မပါလာပါဘူး။
vivo Y300i အတွက် Black, Titanium နဲ့ Blue အရောင်တွေ ထုတ်လုပ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၁,၄၉၉ ယွမ် (၂၀၅ ဒေါ်လာဝန်းကျင်) သတ်မှတ်ထားပြီး မတ်လ ၁၄ ရက်နေ့ ရောင်းမှာပါ။
Ref : gsmarena