[Unicode]

Vivo က ပြီးခဲ့တဲ့နှစ်မှာ အလန်းစား ထုတ်ကုန်များစွာနဲ့ စမတ်ဖုန်း နယ်ပယ်ကို တုန်လှုပ်ခြောက်ခြားစေခဲ့ပါတယ်။ အခုဆိုရင် ကမ္ဘာ့ ထိပ်တန်း စမတ်ဖုန်း ကုမ္ပဏီ ၅ ခုစာရင်းမှာ ပါဝင်နေပါပြီ။ 5G ဆက်သွယ်မှုပါတဲ့ Vivo NEX 3 5G ကို ထုတ်လုပ်ရောင်းချထားပါတယ်။ အခုတော့ အဲဒီဖုန်းအတွက် အရောင်အသစ် ၁ မျိုးကို ထုတ်လုပ်ရောင်းချပေးတော့မှာပါ။

Vivo က လိမ္မော်ရောင် NEX 3 5G ကို TENAA မှာ မှတ်ပုံတင်လိုက်ပြီး Golden အရောင်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် ဓါတ်ပုံမှာ လိမ္မော်ရောင်ကို မြင်ရပါတယ်။ Vivo NEX 3 ကို ဈေးကွက်ထဲမှာ ရောင်းချပေးထားပြီးပြီဖြစ်ပြီး Dual-mode 5G ပါတဲ့ Vivo ရဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။

Vivo NEX 3 5G မှာ Snapdragon 865 SoC မောင်းနှင်ထားပြီး ၆.၈၉ လက်မ 2256x1080p မျက်နှာပြင်ထည့်သွင်းထားပါတယ်။ Screen-to-body Ratio က ၉၉.၆ ရာခိုင်နှုန်းတောင် ရှိတဲ့အတွက် အရမ်းကို လှပါတယ်။

NEX 3 မှာ 8GB RAM ထည့်သွင်းထားပြီး 128GB နဲ့ 256GB Storage တွေ ရွေးချယ်နိုင်ပါတယ်။ အရှေ့ဘက်မှာ 16MP ကင်မရာ တပ်ဆင်ထားပြီး အနောက်ကင်မရာ ၃ လုံးက 64MP Main , 13MP Super Wide-angle/Macro နဲ့ 13MP Telephoto တွေ ဖြစ်ပါတယ်။ 44W Ultra-fast Flash Charge ပါတဲ့ 4500mAh ဘက်ထရီ ပါတဲ့အတွက် အားသွင်းနှုန်းက ဖလန်းဖလန်းထနေမှာပါ။

Ref : gizmochina

[Zawgyi]

လိေမၼာ္ေရာင္ Vivo NEX 3 5G ကို TENAA မွာ မွတ္ပုံတင္ထားၿပီ

Vivo က ၿပီးခဲ့တဲ့ႏွစ္မွာ အလန္းစား ထုတ္ကုန္မ်ားစြာနဲ႔ စမတ္ဖုန္း နယ္ပယ္ကို တုန္လႈပ္ေျခာက္ျခားေစခဲ့ပါတယ္။ အခုဆိုရင္ ကမာၻ႔ ထိပ္တန္း စမတ္ဖုန္း ကုမၸဏီ ၅ ခုစာရင္းမွာ ပါဝင္ေနပါၿပီ။ 5G ဆက္သြယ္မႈပါတဲ့ Vivo NEX 3 5G ကို ထုတ္လုပ္ေရာင္းခ်ထားပါတယ္။ အခုေတာ့ အဲဒီဖုန္းအတြက္ အေရာင္အသစ္ ၁ မ်ိဳးကို ထုတ္လုပ္ေရာင္းခ်ေပးေတာ့မွာပါ။

Vivo က လိေမၼာ္ေရာင္ NEX 3 5G ကို TENAA မွာ မွတ္ပုံတင္လိုက္ၿပီး Golden အေရာင္လို႔ ေဖာ္ျပထားပါတယ္။ ဒါေပမယ့္ ဓါတ္ပုံမွာ လိေမၼာ္ေရာင္ကို ျမင္ရပါတယ္။ Vivo NEX 3 ကို ေဈးကြက္ထဲမွာ ေရာင္းခ်ေပးထားၿပီးၿပီျဖစ္ၿပီး Dual-mode 5G ပါတဲ့ Vivo ရဲ႕ ပထမဆုံး စမတ္ဖုန္း ျဖစ္ပါတယ္။

Vivo NEX 3 5G မွာ Snapdragon 865 SoC ေမာင္းႏွင္ထားၿပီး ၆.၈၉ လက္မ 2256x1080p မ်က္ႏွာျပင္ထည့္သြင္းထားပါတယ္။ Screen-to-body Ratio က ၉၉.၆ ရာခိုင္ႏႈန္းေတာင္ ရွိတဲ့အတြက္ အရမ္းကို လွပါတယ္။

NEX 3 မွာ 8GB RAM ထည့္သြင္းထားၿပီး 128GB နဲ႔ 256GB Storage ေတြ ေ႐ြးခ်ယ္ႏိုင္ပါတယ္။ အေရွ႕ဘက္မွာ 16MP ကင္မရာ တပ္ဆင္ထားၿပီး အေနာက္ကင္မရာ ၃ လုံးက 64MP Main , 13MP Super Wide-angle/Macro နဲ႔ 13MP Telephoto ေတြ ျဖစ္ပါတယ္။ 44W Ultra-fast Flash Charge ပါတဲ့ 4500mAh ဘက္ထရီ ပါတဲ့အတြက္ အားသြင္းႏႈန္းက ဖလန္းဖလန္းထေနမွာပါ။

Ref : gizmochina