Vivo ကတော့ NEX 3 5G အတွက် ဆက်ခံသူမျိုးဆက်သစ်ကို စောစောစီးစီး မိတ်ဆက်လာပါပြီ။ ဒါပေမယ့် သိသိသာသာပြောင်းလဲမှုထက် အသေးစား Upgrade တွေကိုသာ ထည့်သွင်းလာတာလို့ ဆိုရမှာပါ။ ဒီဖုန်းကို NEX 3S 5G လို့ အမည်ပေးထားပြီး နာမည်ကြည့်တာနဲ့တင် ပြောင်းလဲမှုက အရမ်းမထင်ရှားဘူးဆိုတာ သိသာမှာပါ။

အမြင့်ဆုံး Upgrade တွေက အတွင်းပိုင်းမှာဖြစ်ပြီး NEX 3S 5G ဟာ Snapdragon 865 ချစ်ပ်ဆက်အသစ်နဲ့ ပွဲထွက်လာကာ NSA + SA 5G နက်ဝပ်ထောက်ပံ့ပေးတဲ့ Snapdragon X55 Modem ပါဝင်ပါတယ်။ ဒါ့အပြင် မန်မိုရီနဲ့ Storage မြန်နှုန်းတွေကိုလည်း အဆင့်မြှင့်လာခဲ့တယ်။

မန်မိုရီဟာ အရင် LPDDR4X ကနေ ယခု LPDDR5 ဖြစ်သွားပြီး Bandwidth ၂၉% ထိ ပိုမိုတိုးတက်လာပါတယ်။ Storage က လက်ရှိ UFS 3.0 ထက် အနည်းငယ်ပိုမြန်တဲ့ UFS 3.1 ဗားရှင်းသစ်ကို အသုံးပြုလာသလို ပမာဏကလည်း 256GB ထိ မြင့်တက်လာပါတယ်။

ရှေ့မှာတော့ 6.89” လက်မအရွယ် FHD+ Super AMOLED Display ပဲဖြစ်ပေမယ့် HDR10+ အစား HDR10 ထောက်ပံ့မှုသာပါဝင်လာပါတယ်။ ကင်မရာကိုလည်း မပြောင်းလဲထားဘဲ 64MP f/1.8 အဓိကကင်မရာ၊ 13MP f/2.5 Telephoto နဲ့ 13MP f/2.2 Ultrawide Sensor တို့ ဆက်လက်သုံးစွဲထားတယ်။ Pop-up ဆဲလ်ဖီကင်မရာလေးက 16MP ဖြစ်ပါတယ်။

ဘက္ထရီက 4,500 mAh ဖြစ်ပြီး Vivo ရဲ့ 44W အားအမြန်သွင်းစနစ်ပါဝင်တယ်။ လက်ရှိ NEX 3 5G ရဲ့ အနက်နဲ့ အပြာရောင်တွေအပြင် လိမ္မော်ရောင် ကာလာသစ်ကိုပါ ဟန်းဆက်သစ်မှာ ရရှိနိုင်မှာပါ။ အခြေခံမော်ဒယ် 8/256GB အတွက် တရုတ်ယွမ်ငွေ ၄,၉၉၈ (မြန်မာငွေ ကိုးသိန်းခွဲကျော်) နဲ့ အမြင့်ဆုံး 12/256GB မော်ဒယ်အတွက် တရုတ်ယွမ် ၅,၂၉၈ (မြန်မာငွေ ဆယ်သိန်းနှစ်သောင်းခန့်) သတ်မှတ်ထားပြီး မတ်လ ၁၄ ရက်နေ့မှာ ဈေးကွက်ထဲ စဝင်လာမှာဖြစ်ပါတယ်။

Ref – GSM Arena