Vivo က ကမ္ဘာအသစ် ၁ ခုဆီကို ခေါ်ဆောင်သွားမယ်ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ  Origin OS ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ အစောပိုင်းကတော့ Vivo Developers Conference (VDC 2020) ကာလအတွင်းကျရောက်မယ့် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ မိတ်ဆက်မယ်လို့ ထင်ခဲ့ကြပေမယ့် အခုတော့ ၁ ရက်စောကာ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ကြေညာတော့မှာ သေချာသွားပါပြီ။

Origin OS is arriving on November 18

Origin OS အတွက် ဝီဘို စာမျက်နှာကိုလည်း လွှင့်တင်ထားပြီဖြစ်ပြီး ပထမဆုံး ပို့စ်မှာ ကြေညာမယ့် နေ့ရက်နဲ့တကွ တရုတ်နိုင်ငံ ရှန်ဇန်မှာ ပွဲကျင်းပမယ်ဆိုတာကိုပါ ဖော်ပြထားပါတယ်။ Vivo ရုံးချုပ် တည်ရှိတဲ့ ဒွန်ဂွမ်နဲ့ နီးစပ်တဲ့ ရှန်ဇန်မှာ ကျင်းပတာ မထူးဆန်းပါဘူး။ ဒွန်ဂွမ်မှာ တရုတ် နည်းပညာ ကုမ္ပဏီများစွာ အခြေစိုက်ထားကြပြီး တရုတ် ဆီလီကွန် တောင်ကြားလို့တောင် ခေါ်ဆိုနေကြပါတယ်။

Vivo က Origin OS အကြောင်း အများကြီး မပြောထားသေးပါဘူး။ UI ဒီဇိုင်းဟာ ရိုးရှင်းပြီး အသုံးပြုရလွယ်ကူမယ်လို့ ထင်ရပါတယ်။ လုပ်ဆောင်ချက်တွေ ကောင်းမွန်သလို တရုတ် ပြင်ပက သုံးစွဲသူတွေအတွက် လွယ်ကူအောင် ပြုလုပ်ပေးထားနိုင်ပါတယ်။

ပေါက်ကြားသတင်း ၁ ခုအရ Vivo ဟာ Origin OS နဲ့ Stock Android အကြား လွယ်လွယ်ကူကူ ပြောင်းသုံးနိုင်အောင် ပြုလုပ်ထားမယ်လို့ သိရပါတယ်။ မိတ်ဆက်ပွဲ မတိုင်ခင်မှာ Vivo ဟာ Origin OS ရဲ့ လုပ်ဆောင်ချက် တချို့ကို အရိပ်အမြွက် ပြောကြားနိုင်ပါတယ်။

Ref : gsmarena