Vivo စမတ်ဖုန်းတွေရဲ့ Operating System အဖြစ် Funtouch OS ကို လူသိများပါတယ်။ ဒါပေမယ့် ကုမ္ပဏီက OS အသစ် ထပ်ပြီး ထုတ်လိုက်ပါတယ်။ OriginOS ဟာ Vivo စမတ်ဖုန်းတွေအတွက် နောက်ဆုံးပေါ် Operating System ဖြစ်ပါတယ်။ ဒီ OS အသစ်ဟာ နောက်ဆုံးထွက် Android 11 ကို အခြေခံပြီး ပြုလုပ်ထားတာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်အထိတော့ OriginOS ကို ကုမ္ပဏီရဲ့ Flagship device တွေမှာပဲ တွေ့မြင်ရဦးမယ့် အလားအလာမှာ ရှိနေပါတယ်။ ဘတ်ဂျက်ထုတ်ကုန်တွေမှာတော့ Funtouch OS ကိုပဲ ဆက်ပြီး မြင်တွေ့ရမယ်လို့ ယူဆရပါတယ်။ OriginOS ဟာ အခြေခံအားဖြင့်တော့ Funtouch OS 11 ရဲ့ Pumped-up variant လို့ ဆိုရပါလိမ့်မယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအစောပိုင်းကစပြီး ကုမ္ပဏီဟာ OS သစ်ပထမအသုတ်ထုတ်လွှတ်မှုအတွက် ဟန်းဆက်ငါးခုကို Close Beta အနေနဲ့ စတင်ခဲ့ပါတယ်။ တစ်လဝန်းကျင်ကြာပြီးသွားချိန်မှာတော့ Open Beta အစီအစဉ်ကို စတင်လာပြီး မောယ်ဒယ်အချို့အတွက် Registrations တွေ လက်ခံနေပြီ ဖြစ်ပါတယ်။

OriginOS ရဲ့ တရားဝင် Weibo အကောင့်မှာကြေညာထားတဲ့ Open Beta ရယူနိုင်တဲ့ စမတ်ဖုန်းတွေကတော့−
vivo NEX 3S, vivo X50 Pro+, vivo X50 Pro, vivo X50, vivo S7, iQOO 5 Pro, iQOO 5, iQOO 3, iQOO Pro, iQOO နဲ့ iQOO Neo3 တို့ပဲ ဖြစ်ကြပါတယ်။

Vivo ဟာ ဖော်ပြပါမော်ဒယ်တွေအတွက် Registrations ကို ဇန်နဝါရီလ ၆ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ လက်ခံသွားမယ်လို့ သိရပါတယ်။ ဒါပေမယ့် Build ကတော့ ဇန်နဝါရီလ ၁၁ ရက်ကနေ ၁၃ ရက်နေ့အတွင်းမှာပဲ ပြုလုပ်မယ်လို့ ဆိုပါတယ်။

ကြေညာထားတဲ့စာရင်းထဲက Chinese variant ဟန်းဆက်တွေဆိုရင်တော့ သက်ဆိုင်ရာ Vivo နဲ့ iQOO တို့ရဲ့ Community pages တွေမှာ ဒီအစီအစဉ်အတွက် စာရင်းပေးသွင်းနိုင်ပါတယ်။ လက်ရှိအချိန်မှာတော့ Vivo ဟာ OriginOS Global Version ကို ကြေညာခြင်းမရှိသေးပါဘူး။

Ref: Gizmochina