vivo က 80W Charging ပါတဲ့ V40 ကို ကြေညာလိုက်ပြီး ဘူးထဲမှာ Charger မထည့်သွင်းပေးထားပါဘူး။ Apple ဟာ iPhone မှာ Charger မထည့်သွင်းပေးတဲ့ အစီအစဉ်ကို စတင် ကျင့်သုံးခဲ့ပြီး အဲဒီနောက်မှာ Samsung က Apple လမ်းစဉ်ကို လိုက်ခဲ့ပါတယ်။ အစောပိုင်းမှာ Samsung ရဲ့ စွမ်းရည်မြင့် ဖုန်းတွေမှာ Charger ဖယ်ရှားခဲ့ပြီး နောက်ပိုင်းမှာ တန်ဖိုးနည်း Galaxy A Series မှာလည်း Charger ဖယ်ရှားခဲ့ပါတယ်။

vivo V40 ရဲ့ Specs တွေဟာ တရုတ်မှာ ရောင်းချထားတဲ့ vivo S19 နဲ့ တူညီပါတယ်။ အဲဒီဖုန်း ၂ လုံးစလုံးမှာ 80W Charging ပါပါတယ်။ ဒါပေမယ့် တရုတ် မော်ဒယ်မှာ Charger ပါလာပြီး နိုင်ငံတကာ မော်ဒယ်မှာ မပါလာပါဘူး။

vivo V40 5G မှာ Snapdragon 7 Gen 3 Chipset မောင်းနှင်ထားပြီး LPDDR4X RAM နဲ့ UFS 2.2 Storage ထည့်သွင်းထားပါတယ်။ 8/256GB နဲ့ 12/512GB Version တွေ ထုတ်လုပ်ထားပါတယ်။

6.78” 120Hz AMOLED Display တပ်ဆင်ထားပြီး 1.5K (2800×1260) Resolution ဖြစ်ပါတယ်။ Stella Silver နဲ့ Nebula Purple အရောင်တွေ ထုတ်လုပ်ထားပြီး အနောက်ဘက်မှာ 50MP Main နဲ့ 50MP Ultrawide Angle ကင်မရာတွေ တပ်ဆင်ထားပါတယ်။

e-SIM ထောက်ပံ့ထားပြီး USB 2.0 Charging Port ပါပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၅၉၉ စတာလင်ပေါင် သတ်မှတ်ထားပြီး ဥရောပမှာ ဇူလိုင်လအတွင်း ရောင်းချမှာပါ။

ref : gizmochina