Vivo က S1 Prime နာမည်ရ စမတ်ဖုန်း အသစ် ၁ လုံးကို မြန်မာနိုင်ငံမှာ ကြေညာလိုက်ပါတယ်။ Snapdragon 665 SoC, 128GB Storage နဲ့ 8GB RAM ထည့်သွင်းထားပြီး Android 9 Pie အခြေပြု Funtouch OS 9.2 မောင်းနှင်ထားပါတယ်။

Vivo S1 Prime မှာ ၆.၃၈ လက်မ FullHD+ AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံကိရိယာ မြှပ်နှံထားပါတယ်။ အရွယ်သေး Notch မှာ 16MP ဆဲလ်ဖီး ကင်မရာ ထည့်သွင်းထားပြီး အနောက်ဘက်မှာ 48MP Main , 8MP Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံး ပါပါတယ်။

4,500mAh ဘက်ထရီ တပ်ဆင်ထားပြီး 18W Charging ထောက်ပံ့ထားပါတယ်။ USB-C Port ပါလာပါတယ်။ အဲဒီ Specs တွေပါတဲ့ X50 Lite ကို Vivo က ပြီးခဲ့တဲ့ လအနည်းငယ်က ကြေညာခဲ့ဖူးပါတယ်။ ဒါပေမယ့် X50 Lite မှာ Android 10 နဲ့ NFC ထည့်သွင်းထားတာပါ။

Vivo S1 Prime အတွက် Jade Black နဲ့ Nebula Blue ၂ ရောင် ထုတ်လုပ်ထားပြီး ဈေးနှုန်းက ၃၈၉၈၀၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။

Ref : gsmarena

Source : Vivo Myanmar