vivo ဟာ S15 စီးရီးကို S15e နဲ့အတူပြီးခဲ့တဲ့လက ပွဲထုတ်ခဲ့ပြီးတဲ့နောက် အခုအချိန်မှာတော့ vivo ရဲ့ ပထမဆုံး Dimensity 8100 စမတ်ဖုန်းအပါအဝင် မော်ဒယ်သစ်နှစ်မျိုးကို ထုတ်ပြလာပြီ ဖြစ်ပါတယ်။ ဖုန်းနှစ်မျိုးစလုံးမှာတော့ Samsung ရဲ့ 120Hz AMOLED display နဲ့ Fast-charging ဘက်ထရီတွေပါဝင်ပါတယ်။

vivo S15 Pro ကို Dimensity 8100 နဲ့ မောင်းနှင်ထားပြီး chipset အပူချိန်ကို 1.2°C အထိ ကျဆင်းစေမဲ့ vivo ရဲ့ “gaming-grade” cooling system နဲ့ တွဲဖက်ထားပါတယ်။ Mali-G610 MC6 GPU ဟာ ဂိမ်းတွေကို တူညီတဲ့ Frame rate နဲ့ လည်ပတ်ပေးနိုင်ဖို့အတွက် အထောက်အကူဖြစ်စေဖို့ နောက်ထပ် Chip တစ်ခုဖြစ်တဲ့ Gaming Graphics Core Pro လည်း ပါရှိပါသေးတယ်။

မျက်နှာပြင်နဲ့ရုပ်ထွက်က 6-56-inch AMOLED display, 1,080 x 2,376px resolution ဖြစ်ပြီး 1,500 nits နဲ့ HDR10+ ထောက်ပံ့ပေးပါတယ်။ 120Hz refresh rate display ဖြစ်သလို Touch sample rate က 300Hz မှာ အလုပ်လုပ်ပါတယ်။ 1,000Hz အထိလည်း တိုးနိုင်ပါတယ်။ Dual Wi-Fi နဲ့ 360° antenna coverage ပံ့ပိုးပေးထားပါတယ်။

ကင်မရာပိုင်းမှာတော့ vivo S15 Pro ဟာ 50MP Sony IMX766V အဓိကကင်မရာကို အသုံးပြုထားပါတယ်။ 1.0µm pixels နဲ့ 1/1.56” sensor ကို X70 Pro မှာလည်း သုံးခဲ့ဖူးပါတယ်။ ပင်မကင်မရာမှာ Optical Image Stabilization (OIS) နဲ့ f/1.9 aperture ပါဝင်ပါတယ်။ နောက်တစ်ခုကတော့ 12MP ultra-wide-angle ကင်မရာဖြစ်ပြီး၊ 2MP Depth Sensor လည်း ပါဝင်ပါသေးတယ်။ အရှေ့ဘက်မှာ  တော့ 32MP selfie ကင်မရာ တပ်ဆင်ထားပါတယ်။

4,500mAh ဘက်ထရီ တပ်ဆင်ပေးထားပြီး 80W အမြန်အားသွင်းစနစ် ထောက်ပံ့ပေးထားပါတယ်။ ဒါကြောင့် ၁၈ မိနစ်အတွင်း ၇၀% အထိ အားသွင်းနိုင်ပြီး ၁၀၀% အပြည့်အားသွင်းဖို့ အချိန် ၃၅ မိနစ်ပဲ ကြာမြင့်တယ်လို့ သိရပါတယ်။ အရောင်အားဖြင့် Blue နဲ့ Black နှစ်မျိုးရှိပါတယ်။ 8GB of RAM + 256GB storage CNY 3,400 ($505) (၉ သိန်း ၄ သောင်းဝန်းကျင်) ဖြစ်ပြီး 12GB of RAM ဆိုရင်တော့ CNY 300 ပိုကုန်မှာ ဖြစ်ပါတယ်။

Ref: GSM Arena