vivo ဟာ S15 ကို မောင်းနှင်ဖို့အတွက် Snapdragon 870 ကို ရွေးချယ်လိုက်ပါတယ်။ vivo ကတော့ ဒါကို အထူးအားဖြင့် “Peak Edition” လို့ ခေါ်ပါတယ်။ ဒီ Chip ဟာ (in-house) ဖြစ်တဲ့ VMET memory technology တွဲဖက်ထားပြီး အမြန်ဆုံး Snapdragon 870 ဖြစ်လာလိမ့်မယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

vivo ဟာ S15 မှာလည်း S15 Pro လိုပဲ တူညီတဲ့ အအေးပေးစနစ်အသုံးပြုထားပြီး အပူချိန် 1.2°C ကျဆင်းသွားစေရမယ်လို့ ကတိပေးထားပါတယ်။ S15 ဟာလည်း Pro ဗားရှင်းလိုပဲ 120Hz AMOLED 6.62-inch, 1,080 x 2,400 px (20:9) display ကို တပ်ဆင်ပေးထားပါတယ်။ ဒါပေမဲ့ S15 အတွက် ပိုဟောင်းတဲ့ E4 material တွေ ရွေးချယ်ထားတာကြောင့် သိပ်ပြီးတော့ တောက်ပမှာ မဟုတ်ပါဘူး။

ဒါပေမဲ့လည်း S15 ရဲ့ မျက်နှာပြင်ဟာ 1,300 nits အထိ ရရှိနိုင်ပါသေးတယ်။ S15 ကလည်း HDR10+ ထောက်ပံ့ပေးသလို ပြည့်စုံတဲ့ အရောင်ချိန်ညှိခြင်းကိုလည်း ရရှိနိုင်မယ်လို့ သိရပါတယ်။ မျက်နှာပြင်ပိုင်းဆိုင်ရာမှာ S15 နဲ့ S15 Pro တို့ဟာ အရွယ်အစားအားဖြင့် သိသာတဲ့ခြားနားမှုမရှိဘဲ ဒီဇိုင်းပိုင်းသာ အနည်းငယ်ကွဲပြားသွားတာ ဖြစ်ပါတယ်။

vivo S15 မှာ အဓိကကင်မရာဟာ 64MP sensor (1/1.72”) နဲ့ f/1.9 aperture ဖြစ်ပြီး Optical Image Stabilization (OIS) ပါဝင်ပါတယ်။ သူ့ဘေးမှာတော့ 120° FoV ပါဝင်တဲ့ 8MP ultra-wide ကင်မရာတစ်လုံး ရှိနေပါတယ်။ အကူယူနစ်ကတော့ 2MP depth sensor နဲ့ဖြစ်ပြီး အရှေ့ဘက်မျက်နှာပြင်ရဲ့ အပေါ်ဘက်အလယ်တည့်တည့်က Punch-hole ထဲမှာလည်း 32MP selfie ကင်မရာတစ်လုံး တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။

S15 ရဲ့ ဘက်ထရီဟာ 4,500mAh ဖြစ်ပေမဲ့လည်း အားသွင်းမြန်နှုန်းကတော့ 66W ဖြစ်တဲ့အတွက် Pro ထက် နည်းသွားပါတယ်။ ဒါပေမဲ့ ၁၈ မိနစ်အတွင်း ၀ ကနေ ၅၀% အထိ အားသွင်းနိုင်ပါတယ်။ vivo S15 မှာ Memory configuration သုံးမျိုးရွေးချယ်နိုင်မှာဖြစ်ပါတယ်။

အခြေခံယူနစ်ဖြစ်တဲ့ 8GB of RAM နဲ့ 128GB storage အတွဲဟာ CNY 2,700 ($400) ( ၇ သိန်းခွဲဝန်းကျင်)ဖြစ်ပြီး 256GB storage ဆိုရင်တော့ CNY 3,000 ကျသင့်မှာ ဖြစ်ပါတယ်။ 12GB of RAM အမျိုးအစားကတော့ CNY 3,300 ကျသင့်မှာ ဖြစ်ပါတယ်။

Ref: GSM Arena