vivo ဟာ မကြာခင်မှာ vivo S17 Series ဖုန်းတွေကို တရုတ်နိုင်ငံစျေးကွက်အတွက် မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ S17 Series ဖုန်းတွေထဲမှာ vivo S17 Pro ၊ S17 နဲ့ S17e ဖုန်းတွေပါဝင်မှာဖြစ်ပြီး Geekbench ၊ 3C နဲ့ Google Play Supported Device တွေမှာ ဆက်တိုက် သတင်းတွေပေါက်ကြားထားပါတယ်။

အခုလည်း vivo S17e ဖုန်းဟာ vivo ရဲ့ တရားဝင် Website မှာ မှားယွင်းဖော်ပြခဲ့ပြီး ဒီဇိုင်းပိုင်းအပြင် တခြား အသေးစိတ်အချက်အလက်တွေကိုပါ သိရှိခဲ့ရပါတယ်။ အဆိုပါ သတင်းကို တရုတ်နိုင်ငံတွင်း နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။

vivo S17e ဖုန်းဟာ 6.78″ Full HD+ OLED Display ပါဝင်မှာဖြစ်ပြီး 120Hz Refresh Rate ကိုပါ ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ Curved Display အမျိုးအစားဖြစ်တဲ့အပြင် Selfie Camera အတွက် Punch-hole Design ပြုလုပ်ထားပါတယ်။ Back Camera အနေနဲ့ 64MP Main Sensor ကိုမှ 2MP Sensor တွေနဲ့ တွဲဖက်ထားမှာဖြစ်ပါတယ်။

Performance ပိုင်းအတွက် MediaTek Dimensity 7200 Chipset ကို အသုံးပြုထားပြီး RAM 8GB + 128GB ၊​ RAM 8GB + 256GB နဲ့ RAM 12GB + 256GB ဆိုပြီး ၃ မျိုးထွက်ရှိလာမှာပါ။ Battery ပိုင်းမှာ 80W Fast Charging ကို ထောက်ပံ့ပေးနိုင်တဲ့ 4600mAh Battery ပါဝင်မှာဖြစ်ပါတယ်။

စျေးနှုန်းအနေနဲ့ vivo S17e ဖုန်းဟာ တရုတ်ယွမ်ငွေ ၂,၄၉၉ (မြန်မာငွေ ၁၀ သိန်းဝန်းကျင်) ကနေ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – Gizmo China