[Unicode]

2019 ခုနှစ်အကုန်မှာ ထွက်ရှိလာတဲ့ Vivo S series နောက်ဆုံးပေါ်စမတ်ဖုန်းသစ် S1Pro ဟာ တန်ဖိုးငွေ ၄၂၉,၈၀၀ ကျပ်ဖြစ်ပြီး စိန်ပွင့်ပုံဒီဇိုင်းဆန်း Quad Cameras၊ လျှင်မြန်တဲ့ အားသွင်းစနစ်၊ AMOLED Display, Under-screen FingerPrint စတဲ့ အချက်တွေနဲ့အတူ နှစ်သစ်ကို ဖုန်းအသစ်နဲ့ ဖြတ်သန်းလိုသူတွေအကြိုက်တွေ့စေမယ့် စမတ်ဖုန်းပဲဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၄ရက်နေ့က ထပ်မံ မိတ်ဆက်လိုက်တဲ့ S1Pro ဟာ ၂၀၂၀ နှစ်သစ်မှာ နောက်ဆုံးပေါ်ဖုန်းကို ကိုင်ချင်တဲ့သူတွေအနေနဲ့ အသင့်တော်ဆုံး ဖုန်းတစ်လုံး ဖြစ်လာစေမယ်လို့ ဆိုပါတယ်။

တောက်ပတဲ့ဖုန်းအရောင်၊ ကျောဘက်မှာထူးခြားစွာထည့်သွင်းထားတဲ့ စိန်ပွင့်ပုံဒီဇိုင်းဆန်း Quad Cameras ကြောင့်လည်း လူငယ်ပရိသတ်တွေအကြားရေးပန်းစားလာတဲ့ ဖုန်းတစ်လုံးလည်းဖြစ်ပါတယ်။ Operating System အနေနဲ့ကတော့ Vivo ရဲ့ Android 9 (Funtouch OS 9.2) ကိုအသုံးပြုထားပြီး Qualcomm Sanpdragon 665၊ 8GB RAM၊ 128GB Storage၊ Hybrid Dual Sim ပါဝင်တယ်။

ကင်မရာပိုင်းအနေနဲ့လည်း ဒီဇိုင်းကို စိန်ပွင့်ပုံစံ ဖန်တီးထားပြီး 48 MP (f/1.8) ပင်မကင်မရာနဲ့ 8MP (f/2.2) မြင်ကွင်းကျယ်ကင်မရာ၊ 2MP (f/2.4) Depth ကင်မရာနဲ့ 2MP (f/2.4) အနီးရိုက်ကင်မရာ ၄ လုံးတို့ကို AI Rear Quad Camera Steup နဲ့တပ်ဆင်ထားတာကြောင့် အမှတ်တရ ဓာတ်ပုံတွေရိုက်ယူဖို့ အကောင်းဆုံးဖြစ်နေပါပြီ။

ဒါ့အပြင် လူငယ်တွေအကြိုက်တွေ့စေမယ့် ရေစက်ပုံစံ (Water Drop) selfie ကင်မရာကို 32MP AI Beauty Mode တပ်ဆင်ပေးထားတာကြောင့် Selfie ချစ်သူတွေရဲ့ လက်စွဲတော်စမတ်ဖုန်းတစ်လုံး ဖြစ်လာမှာ သေချာတယ်လို့ ပြောပါတယ်။ AI Make Up Filter ၊ ရှုခင်းအလိုက် အသင့်တော်ဆုံး နမူနာကိုယ်ဟန်များကို အကြံပြုပေးနိုင်တဲ့ Pose Master လုပ်ဆောင်ချက်များ ထည့်သွင်းပေးထားတဲ့အတွက်လည်း Vivo S1 Pro ဟာ ပြိုင်ဖက်ကင်းတဲ့ ဓါတ်ပုံအသားပေး စမတ်ဖုန်းတစ်ခုလို့ဆိုနိုင်တယ်။

ဂိမ်းကစားသူတွေအတွက် Multi Turbo စနစ်ပါရှိတာကြောင့် အထူးကောင်းမွန်တဲ့ ဂိမ်းဆော့မှု အတွေ့ အကြုံကို ရရှိခံစားနိုင်ပါတယ်။ Voice Changer နည်းပညာလည်း ထည့်သွင်းပေးထားတာကြောင့် ဂိမ်းကစားချိန် အတွင်းမှာ ပျော်ရွှင်တက်ကြွမှုကို အပြည့်အ၀ ယူဆောင်ပေးနိုင်မှာပါ။ Vivo S1Pro ဟာ လူငယ်တွေ စိတ်ကြိုက် စတိုင်လ်ကျလှပတဲ့ စမတ်ဖုန်းတစ်ခု ဖြစ်စေဖို့ ၆.၃၈ လက်မအရွယ် Full HD+ Super AMOLED မျက်နှာပြင် တပ်ဆင်ပေးထားပြီး မျက်နှာပြင်အောက် လက်ဗွေလုံခြုံရေးစနစ် ပါဝင်ပါတယ်။

ဘက်ထရီကတော့ 4500mAh အားရှိပြီး Vivo ရဲ့ မူပိုင်နည်းပညာသုံး အမြန်အားသွင်းစနစ် ( Dual Engine Fast Charging) နှင့် USB Type C ကို အသုံးပြုထားတဲ့အတွက် တစ်နေကုန် စိတ်ကြိုက်သုံးပြီး ခရီးမကြာခဏ ထွက်တက်သူများအတွက် အထူးသင့်တော်တဲ့ဖုန်းတစ်လုံးဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ Vivo S1Pro က Mystic Black (အနက်) နဲ့ Dreamy White (အဖြူ) အရောင်ပြေးဆိုပြီး ၂ မျိုးနဲ့ ထွက်ရှိလာပြီး အမြို့မြို့အနယ်နယ်ရှိ ဖုန်းအရောင်းဆိုင်တွေမှာ ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။

[Zawgyi]

၂၀၂၀ နှစ်သစ်မှာ ဖုန်းအသစ်ကိုင်ချင်သူများအတွက် Vivo S1Pro






