Vivo S6 5G စမတ်ဖုန်းသစ်ဟာ လာမယ့်မတ်လ ၃၁ ရက်နေ့မှာ အများရှေ့ကို တရားဝင်ရောက်လာတော့မှာပါ။ ကုမ္ပဏီက ဒီဖုန်းရဲ့နောက်ကျောကို ပြသခဲ့ပြီးဖြစ်ကာ 48MP Sensor ဦးဆောင်တဲ့ Quad-camera ပါဝင်တာကို တွေ့ခဲ့ရပါတယ်။

ယနေ့မှာတော့ Vivo ဟာ သူတို့ရဲ့တရုတ်ဆိုရှယ်နက်ဝပ် Weibo အကောင့်မှာ Promo Video အသစ်ကို ထပ်တင်လာခဲ့ပြီး S6 5G ဖုန်းမှာ Waterdrop Notch ပါဝင်မယ်ဆိုတာကို ထပ်မံအတည်ပြုပေးခဲ့ပါတယ်။ ဒီဗီဒီယိုထဲမှာ စမတ်ဖုန်းအသစ်အတွက် ကာလာရွေးချယ်မှုနှစ်မျိုးနဲ့ 3.5mm Audio Jack တွေကိုလည်း ပြသခဲ့ပါသေးတယ်။

လက်ရှိအချိန်ထိ S6 5G ဖုန်းရဲ့ Specs တွေကို Vivo မှ အတည်မပြုပေးရသေးပေမယ့် Geekbench ပေါ်မှာတော့ ဒီဖုန်းဟာ Samsung ရဲ့ Exynos 980 ချစ်ပ်ဆက်နဲ့ တွေ့ခဲ့ရပါတယ်။ TENAA ပေါ်က စာရင်းအရတော့ ဒီဖုန်းမှာ 6.44” လက်မအရွယ် AMOLED FHD+ Display ပါဝင်မှာဖြစ်ပြီး Fingerprint ကိုလည်း In-display ပဲထည့်လာမယ်လို့ သိရပါတယ်။

မန်မိုရီကတော့ 6/8GB RAM နဲ့ 128/256GB Storage တို့ကို ရွေးချယ်နိုင်မှာဖြစ်ကာ Android 10 OS အသုံးပြုလာမှာပါ။ Vivo S6 5G ဖုန်းမှာ စုစုပေါင်းကင်မရာငါးလုံးပါဝင်ကာ ရှေ့ဘက် 32MP ဆဲလ်ဖီကင်မရာနဲ့ နောက်ဘက်မှာ 48MP + 8MP + 2MP + 2MP တို့ဖြစ်ပါတယ်။

Vivo S6 5G ဖုန်းမှာ 4,390 mAh ဘက္ထရီပါဝင်မှာဖြစ်ပြီး မကြာသေးခင်က တရားဝင်တင်ထားတဲ့ ပိုစတာမှာ မြင်ခဲ့ရတဲ့အတိုင်းဆို USB-C Port သုံးလာမှာပါ။ ထွက်လာဖို့လည်း သိပ်မလိုတော့တာကြောင့် မကြာခင်မှာ Vivo S6 5G ရဲ့ အချက်အလက်တွေကို သိရတော့မှာဖြစ်ပါတယ်။

Ref – GSM Arena