Vivo S5 ကို အရင်နှစ် နိုဝင်ဘာလက ကြေညာခဲ့ပြီး အခုတော့ မျိုးဆက်သစ် S6 5G ကို မတ်လ ၃၁ ရက်နေ့မှာ မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ ကိုရိုနာ ဗိုင်းရက်စ်ကြောင့်  Vivo S6 5G ကို အွန်လိုင်းကနေ မိတ်ဆက်မှာ ဖြစ်ပြီး တရုတ် ဒေသ စံတော်ချိန် ည ၇ နာရီခွဲမှာ ကြေညာမှာ ဖြစ်ပါတယ်။

Vivo က ပြီးခဲ့တဲ့ ရက်ပိုင်းက အဲဒီ စမတ်ဖုန်းရဲ့ အနောက်ဘက်ကို ပြသထားတဲ့ ဓါတ်ပုံ ၁ ပုံကို မျှဝေခဲ့ပြီး အောက်ဘက်မှာ   USB-C Port ၊ မိုက်ကရိုဖုန်း၊ SIM Card Slot နဲ့ စပီကာ အပေါက်ကို မြင်ရပါတယ်။  နားကြပ်ပေါက်ကို မတွေ့ရတဲ့အတွက် ထိပ်ဖက်မှာ တပ်ဆင်ထားနိုင်သလို Vivo က လုံးဝ ဖယ်ရှားထားတာလည်း ဖြစ်နိုင်ပါတယ်။တရုတ် လူမှုကွန်ရက် ဝီဘိုမှာ Vivo S6 5G ရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်နေပြီး မျက်နှာပြင်ရဲ့ ညာဘက်အထက်မှာ ဆဲလ်ဖီး ကင်မရာ ၂ လုံးကို Punch Hole မှာ တပ်ဆင်ထားပါတယ်။ Vivo S5 မှာတော့ ဆဲလ်ဖီး ကင်မရာ ၁ လုံးပဲပါလာပါတယ်။

S6 5G ရဲ့ Specs တွေကို မသိရသေးပေမယ့် စွမ်းဆောင်ရည်သင့် ဖုန်းထက် ပိုလန်းမှာပါ။ Snapdragon 765G Chipset မောင်းနှင်ထားနိုင်ပြီး X52 5G Modem ပါလာမှာပါ။ ဒါမှမဟုတ် 5G ပါတဲ့ Mediatek ရဲ့ Dimensity 1000 Chipset ကို သုံးထားနိုင်ပါတယ်။ Vivo S6 5G ကို တရားဝင် မြင်ရဖို့ ၁ ပတ်လောက်ပဲလိုပါတော့တယ်။ လာမယ့် ရက်ပိုင်းအတွင်းမှာ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေကို ပိုမို သိလာရတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena