Vivo က 5G ပါတဲ့ Vivo S7 ကို ဩဂုတ်လ ၃ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ Vivo မျှဝေထားတဲ့ Teaser အရ အဲဒီ စမတ်ဖုန်းမှာ 44MP Dual ဆဲလ်ဖီး ကင်မရာ ပါလာမှာ ဖြစ်ပြီး အနောက်ဘက် ကင်မရာတွေကို လေးထောင့်ပုံ အကွက်ထဲမှာ ထည့်ထားပါတယ်။

Vivo S7 ဟာ အရမ်းကို ပါးလွှာတဲ့ စမတ်ဖုန်း ဖြစ်နိုင်ပြီး Vivo ဟာ အပါးလွှာဆုံး 5G စမတ်ဖုန်း အဖြစ် S7 ကို ကြော်ငြာမယ်ဆိုတာ သေချာပါတယ်။ အနောက်ဘက် ကင်မရာတွေ ငေါမထွက်နေတာက ဒီနေ့ခေတ် စမတ်ဖုန်း ဒီဇိုင်းထဲမှာ ထူးခြား ရှားပါးပါတယ်။ Vivo က ပါးလွှာတယ်လို့ ထင်ရအောင် ဓါတ်ပုံ ရိုက်ပြထားတာလည်း ဖြစ်နိုင်ပါတယ်။

Vivo S7 မှာ Snapdragon 765G Chipset မောင်းနှင်ထားနိုင်ပြီး ၁၇၀ ဂရမ်လောက် အလေးချိန် ရှိပါတယ်။ OPPO Reno4 မှာလို Dual Punch Holes ပါတဲ့ ၆.၄၃ လက်မ OLED မျက်နှာပြင်ကို Vivo S7 မှာ ထည့်သွင်းထားနိုင်ပေမယ့် Teaser မှာ အရွယ်ကြီး Notch ၁ ခုကို တွေ့ရပါတယ်။

Ref : gsmarena