Vivo ဟာ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက S7 5G ကို စတင်ပွဲထုတ်ခဲ့ပါတယ်။ အဲဒီနောက် နိုဝင်ဘာလထဲမှာတော့ S7e 5G ကို ဆက်ပြီး မိတ်ဆက်ခဲ့ပြန်ပါတယ်။ အခုတော့ Vivo ဟာ S7 စီးရီးထဲမှာ နောက်ထပ်မော်ဒယ်တစ်မျိုးကို ထပ်ပြီးပေါင်းထည့်ဦးမယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

နာမည်ကျော် Tipster ဖြစ်တဲ့ Digital Chat Station က Vivo ဟာ S7 lineup မှာ တတိယမြောက်အမျိုးအစားအဖြစ် Vivo S7t ကို ပေါင်းထည့်ဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြလိုက်တာပါ။ ဒါ့အပြင် S7t ဟာ Dimensity 820 SoC ကို အသုံးပြုထားမယ်လို့လည်း ဆိုထားပါသေးတယ်။

S7t ရဲ့ ကျန်တဲ့ Specs တွေကတော့ Vanilla S7 နဲ့အတူတူပဲ ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ ဒါကြောင့် 6.44-inch FullHD+ AMOLED screen နဲ့အတူ Under-screen fingerprint scanner လည်းပါဝင်လာမယ်လို့ ဆိုနိုင်ပါတယ်။ ဘက်ထရီပမာဏကလည်း 4,000mAh ဖြစ်ပြီး 33W အားသွင်းစနစ်လည်း ထောက်ပံ့ထားမယ်လို့ မျှော်လင့်ရပါတယ်။

Vivo S7t မှာ စုစုပေါင်း ကင်မရာ ၅ လုံးအထိပါဝင်ပါတယ်။ အရှေ့ဘက်မှာတော့ 44MP wide နဲ့ 8MP ultrawide ကင်မရာတွေ တပ်ဆင်ပေးထားတယ်လို့ ဆိုပါတယ်။ ကျောဘက်မှာတော့ 64MP အဓိကင်မရာနဲ့ 8MP ultrawide, 2MP depth sensor unit တွေ ဖြစ်တယ်လို့ သိရပါတယ်။ Memo configuration ပိုင်းမှာလည်း Vivo S7 5G လိုမျိုးပဲ 8GB/128GB နဲ့ 8GB/256GB တွေပဲ ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် S7t မှာတော့ Android 11 မောင်းနှင်လာဖွယ်ရှိပါတယ်။

Ref: GSM Arena