Vivo ရဲ့ Gaming Brand ဖြစ်တဲ့ iQOO Neo3 ကို ပြီးခဲ့တဲ့ ၁ ပတ်လောက်က ကြေညာခဲ့ပြီး အခုတော့ ပထမ အသုတ်ကို ရောင်းပေးလိုက်ပါတယ်။ မိနစ် ၃၀ အတွင်းမှာ ယွမ် သန်း ၁၀၀ ကျော်ဖိုး ရောင်းချရတဲ့အတွက် အလုံးရေ ၃၀,၀၀၀ နဲ့ ၃၇,၀၀၀ အကြား ရောင်းချရတာပါ။

Vivo iQOO Neo3 မှာ စွမ်းရည်မြင့် Qualcomm Chipset ထည့်သွင်းထားရုံမက အလန်းစား 144Hz Refresh Rate လည်း ပါလာပါတယ်။ 48MP Main ကင်မရာနဲ့ အရွယ်ကြီး 4,500mAh ဘက်ထရီတွေ ပါပါတယ်။ 44W Fast Charging က အားသွင်းရင် အရမ်းမြန်မှာ သေချာပါတယ်။ 6/128GB ကို ၂,၆၉၈ ယွမ်နဲ့ 8/256GB ကို ၃,၃၉၈ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၅ သိန်း ၄ သောင်းနဲ့ ၆ သိန်း ၈ သောင်းလောက် အသီးသီး ကျသင့်မှာပါ။

နောက် ၁ သုတ်ကို နောက် ၁ ပတ်မှာ ရောင်းချမှာ ဖြစ်ပြီး ဒီလိုပဲ ရောင်းအားလန်းမယ်လို့ ထင်ပါတယ်။ Vivo က တရုတ်မှာ JD.com , Suning နဲ့ TMall တို့လို အထင်ကရ အရောင်းဆိုင်တွေကနေ ရောင်းချပေးနေသလို ကုမ္ပဏီရဲ့ ကိုယ်ပိုင် စတိုးကနေလည်း ဝယ်ယူခွင့်ပေးထားပါတယ်။ Vivo iQOO Neo3 ကို Vivo iQOO 3 လို နိုင်ငံတကာမှာ ရောင်းမလားဆိုတာ မသိရသေးပါဘူး။

Ref : gsmarena